BEC-TERO TV

စိတ်ကောက်နေတဲ့ ဖြူဖြူထွေးကို အသည်းအသန် လိုက်ချော့နေရတဲ့ ခြိမ့်ကေကို ရဲ့ သုံးဘီကား MTV

29 Mar 2019     2,418 Views


ခြိမ့်ကေကို နဲ့ ဖြူဖြူထွေးတို့ဟာ meme လောကမှာ ဘက်ပေါင်းစုံကနေ Troll ခြင်းခံခဲ့ရသူနှစ်ဦးပါ။ ခြိမ့်ကေကို ကတော့ “မမရေ” သီချင်းနဲ့ လူသိများလာခဲ့တာဖြစ်ပြီး ဖြူဖြူထွေးကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောက ထဲ့ကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

မကြာသေးမီကကမှ ခြိမ့်ကေကို တစ်ယောက် အင်တာဗျူးမှာ  “ ဖြူဖြူးထွေးလို ကောင်မလေးကို ကြိုက်ပါတယ်”  ဖြေဆိုထားသူတစ်ဦးဖြစ်ပါတယ်။ ပရိတ်သတ်တွေကလည်း ဖြူဖြူထွေးနဲ့ ခြိမ့်ကေကို တို့တွဲပြီးသရုပ်ဆောင်တာကိုမြင်တွေ့ ချင်ခဲ့ကြတာပါ။ အခုလည်း ပရိတ်အလိုအတိုင်း သူတို့ နှစ်ယောက် သရုပ်ဆောင်ထားတဲ့ သုံးဘီးကား MTV လေးထွက်ရှိလာပါပြီ။

အဲဒီ MTV လေးထဲမှာတော့ စိတ်ကောက်နေတဲ့ ဖြူဖြူထွေးကို ခြိမ့်ကေကိုက အမျိုးမျိုးလိုက်ချော့နေရတာ ဖြစ်ပါတယ်။ အရမ်းကို ရိုမတ်တစ်ဆန်တဲ့ အခန်းတွေကို ပရိတ်သတ်ကြီး အားပေးလိုက်ပါဦး

 


29 Mar 2019     2,418 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS