BEC-TERO TV

ပရီးမီးယားလိဂ်ရဲ့ လူမုန်းအများဆုံးအသင်း နဲ့ လူအချစ်ခံရဆုံးအသင်းများ

29 Mar 2019     1,305 Views


ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လူမုန်းအများဆုံးအသင်းစာရင်းကို ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုအရ စစ်တမ်း ကောက်ယူခဲ့ပြီး၊ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ လူမုန်းအများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ မဲအရေအတွက် (၆၈.၇) ရာခိုင်နှုန်းနဲ့ လူမုန်းအများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ပြိး သူရဲ့နောက်မှာတော့ မန်ယူအသင်းက မဲအရေအတွက် (၆၈.၁) နဲ့ဒုတိယချိတ်ခဲ့ပြီး ၊ လီဗာပူးလ် ၊(၂၇.၀) ရာခိုင်နှုန်းနဲ့ အဲဗာတန်အသင်းတို့က အစဉ်လိုက်ရပ်တည်နေကြပါတယ်။

ဒါ့အပြင် ပရိသတ်တွေရဲ့ လူချစ်အများဆုံးအသင်းစာရင်းကိုလည်း မဲပေးရွေးချယ်မှုအရ စစ်တမ်းကောက်ယူခဲ့ရာမှာ ဘန်လေအသင်းက မဲအရေအတွက် (၃၅.၈) ရာခိုင်နှုန်းနဲ့ လူချစ်အများဆုံးအသင်းအဖြစ်ထိပ်ဆုံးမှာရပ်တည်ခဲ့ပြီး၊ ဘုန်းမောက်၊ ဟက်ဒါဖီးလ်တောင်း၊ မန်စီးတီး၊ နယူးကာဆယ်အသင်းနဲ့ ဖူလ်ဟမ်အသင်းတို့က အစဉ်လိုက်ရပ်တည်ခဲ့ကြပါ တယ်။


29 Mar 2019     1,305 Views




RELATED

Most Popular of Football

Most Popular of Sport