မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ထိုင်းမင်းသား Mario Maurer ရဲ့ ဇာတ်ကား (၄)ကား
29 Mar 2019 3,152 Views

Mario Maurer ဆိုတာနဲ့ မြန်မာပရိတ်သတ်ကြီးနဲ့အထူးတလည်မိတ်ဆက်ပေးဖို့လိုမယ်မထင်ပါဘူးနော်။ ထိုင်းမင်းသားချောလေး Mario ကိုမြန်မာနိုင်ငံမှာ Pee Mak မင်းသားဆိုပြီးလူသိများပါတယ်။ Mario အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတိုင်း မပေါက်တဲ့ကားဆိုတာမရှိသလောက်ပါပဲ။ ဒီမှာ Mario ပါဝင်တဲ့ ဇာတ်ကားတွေထဲကပရိတ်သတ်တွေ မဖြစ်မနေကြည့်ထားသင့်တဲ့ ဇာတ်ကား (၄) ကားနဲ့မိတ်ဆက်ပေးပါရစေ။
Love of Siam
.jpg)
Mario Maurer ဟာ အနုပညာလောကထဲကို ဒီ Love of Siam ဇာတ်ကားနဲ့စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၇ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး Mario ကိုပထမဦးဆုံးကားမှာတင် ဆုတွေအများကြီးရရှိစေခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
A Little Thing Called Love
.jpg)
၂၀၁၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ဒီကားလေးကိုတော့ လူတော်တော်များများကြည့်ဖူးကြမှာပါ။ ရုပ်ဆိုးဆိုး မျက်နှာကို ပိုင်ဆိုင်ထားတဲ့ကောင်မလေးဟာ သူကြိတ် crush နေရတဲ့ကောင်လေးကြောင့် ရုပ်ချောလာအောင် သူ့ကိုယ်သူမွမ်းမံပြင်ဆင်တတ်လာခဲ့ပါတယ်။ ဒီကားမှာ Baifern နဲ့ Mario တို့ လိုက်ဖက်ညီညီသရုပ်ဆောင်ထားတာတွေ့ရမှာပါ။ ယခု ဒီ A Little Thing Called Love ဇာတ်ကားကို တရုတ် ဗားရှင်းနဲ့ပြန်လည်ရိုက်ကူးတော့မယ်လို့လဲသိရပါတယ်။
Pee Mak
.jpg)
Mario ကို Pee Mak နဲ့လူသိများခဲ့တာဆိုတော့ Pee Mak ကိုတော့ ပရိတ်သတ်ကြီး ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီကားထဲမှာတော့ Mai Davikah (မြန်မာနိုင်ငံမှာ Pee Mak မင်းသမီးလို့နာမည်ကြီးသူလေး) နဲ့ အတူ လိုက်ဖက်ညီစွာသရုပ်ဆောင်ထားပါတယ်။ ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဒီကားဟာ သရဲကားဖြစ်ပေမယ့် ပရိတ်သတ်အမောပြေ ရယ်မောဖွယ်ရာဟာသခန်းလေးတွေလဲပါဝင်တာကြောင့် လူအများအကြိုက်တွေ့ခဲ့ကြပါတယ်။ Pee Mak ဇာတ်ကားဟာ ထိုင်းဘတ် သန်း တစ်ထောင်တိတိ အောင်မြင်ခဲ့ပြီး စံချိန်ချိုးခဲ့တဲ့ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။
Thong Aek Mor Yah Tah Chalong
.jpg)
ဒီဇာတ်ကားလေးကတော့ လတ်တလော ထိုင်းတီဗွီ Channel 3 ကထုတ်လွှင့်ပြသနေတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။ ဒီကားမှာ မင်းသမီး Kimberley နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားလေးဟာ ရှေးကားဖြစ်ပေမယ့် အချစ်ဟာသ ဇာတ်မြူးကားဖြစ်တာကြောင့် ကြည့်ရှုအပေါင်းကိုမပျင်းစေရပါဘူး။
Pee Mak မင်းသား Mario ရဲ့ ဇာတ်ကားကောင်းလေးတွေကို ပရိတ်သတ်ကြီးလဲအကြိုက်တွေ့လိမ့်မယ်ထင်ပါတယ်။ Mario ကိုချစ်တယ်ဆိုရင် ဘယ်ကားကို အကြိုက်ဆုံးလဲဆိုတာ မှတ်ချက်လေးတွေရေးသွားကြပါဦး။
(ပိုပိုလေး)







