BEC-TERO TV

မြင်သူတကာ အသက်ရှူမှားသွားစေမယ့် Lisa ရဲ့ ဖက်ရှင်အကျဆုံးဝတ်စားမှုပုံစံများ

29 Mar 2019     1,532 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်မိန်းကလေးအဆိုတော်အဖွဲ့ Black Pink မှ Lisa ဟာဆိုရင် အာရှနိုင်ငံတွေမှာရှိတဲ့ မိန်းကလေးတွေရဲ့ ဖက်ရှင် အိုင်ကွန်လို့တောင်ပြောလို့ရနေပါပြီ။ အာရှနိုင်ငံတွေမှာရှိတဲ့မိန်းကလေးအများစုဟာ Lisa ရဲ့ လွတ်လပ်ပေါ့ပါးတဲ့ ဖရီးစတိုင်ပုံလေးတွေကို အကြိုက်တွေ့နေကြပြီး အများစုက Lisa လိုဝတ်စားဆင်ယင်ကြလာတာမျိုးတွေ့ရပါတယ်။ ဒီမှာ Black Pink ရဲ့ အငယ်ဆုံးလေး Lisa ရဲ့ ဖက်ရှင်အကျဆုံးပုံစံလေးတွေကို ရွေးထုတ်ပေးလိုက်ပါတယ်။

ဒီပုံလေးမှာတော့ Lisa တစ်ယောက် Crop top အကျီင်္လေးနဲ့ အားကစားဘောင်းဘီအပွကိုရိုးရိုးလေးဝတ်ဆင်ထားပါတယ်။ ဒီလိုဝတ်ဆင်ခြင်းဟာသူမရဲ့ခါးအလှကိုသာမန်ထက်ပိုပြီးပေါ်လွင်လာစေပါတယ်။

 

အမြဲတမ်း ယောင်္ကျားဆန်ဆန် အဝတ်အစားမျိုးတွေ ဝတ်စားတတ်တဲ့ Lisa ဟာဒီတစ်ခါတော့ Girl Boss လိုပုံစံမျိုးအနီရောင်ဂါဝန်နဲ့ သူမကိုကြည့်ရတာ cat walk model တစ်ယောက်နဲ့တောင်တူနေပါသေးတယ်။

 

Lisa ဟာ Black Pink မှာ main dancer ဖြစ်တဲ့အလျောက် အကသမားဆန်ဆန် လမ်းဘေး ဂျစ်ပစီစတိုင်ပုံစံလေးတွေဝတ်လေ့ရှိပါတယ်။ ဒီလိုဂျစ်တစ်တစ်ပုံလေးနဲ့လဲ သူမက တစ်မူထူးနေပြန်ပါတယ်။

 

အိုး….ဒီတစ်ပုံကတော့ လုံးဝကို Boss ပါနော်။ သူမပခုံးပေါ်မှတင်ထားတဲ့ သားမွေးကုတ်ကြီးနဲ့ ခပ်ထူထူဆိုးထားတဲ့ နှုတ်ခမ်းနီတို့ကအသက်ပါပဲ။

 

ဒီပုံလေးကတော့ ပေါ့ပေါ့ပါးပါး ဖက်ရှင်စတိုင်လေးပါ။ ရိုးရိုး crop top အင်္ကျီအတိုလေးနဲ့ အားကစားဘောင်းဘီကိုမှ အပေါ်က အိုဗာဆိုဒ် ကုတ်အင်္ကျီကို ဖရိုဖရဲပုံစံလေးထပ်ထားတာပါ။ ဒီလိုပုံလေးနဲ့လဲ သူမက ဖရီးဆန်ပြီး လူငယ်တစ်ယောက်ရဲ့ မူဟန်အသွင်အပြင်ကိုဆောင်ကျဉ်းနေပါတယ်။

Lisa ဟာအကကတာ သီချင်းဆိုတာပြီးရင် သူမရဲ့ဝါသနာကတော့ ဓာတ်ပုံရိုက်တာပါတဲ့။ သူများကို ဓာတ်ပုံရိုက်ပေးရတာဝါသနာပါတဲ့ Lisa လေးဟာ ကိုယ်တိုင် ဓာတ်ပုံရိုက်ခံရတဲ့အခါမှာလဲ အကောင်းဆုံးစတိုင်ထုတ်တတ်သူလေးပါနော်။ ပရိတ်သတ်ကြီးရေ Lisa ကိုချစ်တယ်ဆို Like & Share လုပ်ဖို့လဲ မမေ့ကြနဲ့ဦးနော်။

(ပိုပိုလေး)

 


29 Mar 2019     1,532 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS