BEC-TERO TV

ဧပြီလထဲမှာ သီချင်းအသစ်နဲ့ပရိတ်သတ်ရှေ့ပြန်လည်ရောက်ရှိလာမယ့် Black Pink

29 Mar 2019     1,330 Views


နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Black Pink ဟာလာမယ့် လထဲမှာ ပရိတ်သတ်အရှေ့ကို သီချင်းအသစ်နဲ့ပြန်လာတော့မှာဖြစ်ပါတယ်။ Black Pink ရဲ့ ပရိတ်သတ်လေးတွေဖြစ်တဲ့ Blink လေးတွေအတွက် သတင်းကောင်းလို့ပြောရမှာပေါ့နော်။

လတ်တလောမှာ YG က Big Bang အဖွဲ့မှ Seungri ရဲ့အမှုမှာ ပါဝင်ပတ်သတ်နေတယ်လို့သတင်းတွေထွက်နေပါတယ်။ YG Entertainment ပိုင်ရှင် Yang Hyun Suk ဟာ ဂန်းနမ်မြို့နယ်အတွင်းမှာ Club များဖွင့်ထားပြီး အခွန်ရှောင်ထားတယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။ ဒီလိုသတင်းထွက်ပြီးနောက် YG Entertainment ရှယ်ယာတွေ သိသိသာသာကျဆင်းသွားပြီး Kpop လောကရဲ့ Big 4 မှာတောင်မပါဝင်နိုင်တော့ပါဘူး။  YG ရှယ်ယာကျဆင်းမှုကို Black Pink ရဲ့ Comeback ဆိုတဲ့ ပိုစတာလေးတစ်ခုနဲ့တင်ကယ်လိုက်နိုင်ပါတယ်။

Black Pink လာမယ့် ဧပြီလထဲမှာ သီချင်းအသစ်ထွက်ရှိမယ်ဆိုတာနဲ့ ရှယ်ယာဈေးရုတ်ချည်းဆိုသလို ပြန်လည်မြင့်တက်လာပါတယ်။ အခုဆိုရင်ဖြင့် Black Pink အဖွဲ့ သီချင်းအသစ်ထွက်ရှိမယ့် နေ့ရက်ကိုလဲကြေငြာလိုက်ပါပြီ။လာမယ့် ဧပြီလ (၅) ရက်နေ့မှာထွက်ရှိမှာပဲဖြစ်ပါတယ်။ သီချင်းနာမည်က “Kill This Love” ဖြစ်ပြီး Kpop လောကမှာ Queens တွေလို့ နာမည်အတပ်ခံရတဲ့ Black Pink ကပရိတ်သတ်ရှေ့ကို ဘယ်လို ပုံစံအသစ်အဆန်းတွေနဲ့ ပြန်လည်ရောက်ရှိလာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

လာမယ့်လမှာ ထွက်ရှိမယ့် Black Pink သီချင်းလေးကို တူတူစောင့်မျှော်ကြည့်ရှုလိုက်ကြရအောင် ^^

(ပိုပိုလေး)

 

 

 


29 Mar 2019     1,330 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS