BEC-TERO TV

ယခုအပါတ် ပရီးမီးယားလိဂ် ပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက်

29 Mar 2019     1,314 Views


ဖူဟမ် နှင့် မန်စီးတီး

ဖူဟမ်အသင်းက အိမ်ကွင်းမှာ မာမာထန်ထန်ကစားတတ်ပေမဲ့ မန်စီးတီးကို ယှဉ်ကစားဖို့ကဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ မန်စီးတီးအသင်းက ချန်ပီယံဆုကာကွယ်နိုင်ဖို့အတွက် အမှားခံမှာမဟုတ်ဘဲ ပကျော့တုန်းကလို ဂိုးပြတ်အနိုင်ယူသွားမှာပါ။

 ဘရိုက်တန် နှင့် ဆောက်သမ်တန်

နှစ်သင်းစလုံးက တန်းဆင်ဇုံသာသာမှာသာရပ်တည်နေတာကြောင့် ဒီပွဲက နှစ်သင်းစလုံးအတွက် ရုံးကန်ရမဲ့ပွဲတစ်ပွဲပါ။ဘရိုက်တန်က အိမ်ကွင်းကောင်းတဲ့ဆိုပေမဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပိုင်းမဆိုးလှတဲ့ ဆောက်သမ်တန်ကိုတော့ အနိုင်ရဖို့မလွယ်ပါဘူး။ ဒါကြောင့် ဒီပွဲက ပကျော့ကလို့ သရေလောက်ပဲသွားပါလိမ့်မယ်။

ဘန်လေ နှင့် ဝုလ်

တန်ဆင်းဇုံအထက်မှာ 2 မှတ်အသာနဲ့မှာသာ ရှိနေတဲ့ ဘန်လေအသင်းအတွက်က တစ်ကယ်ကိုအန္တာရယ်များပါတယ်။ နောက်ဆုံး ၄ပွဲဆက်မှာ အနိုင်မရှိခဲ့တဲ့ ဘန်လေ အဲ့နေ့ပွဲသာ ရှုံးနိမ့်ပါက တန်ဆင်းဇုံးအတွင်းကိုရောက်သွားနိုင်ပါတယ်။ အသင်းကြီးတွေနဲ့ အိမ်ကွင်းမှာရလဒ်ကောင်းရတတ်တဲ့ ဝုလ်အသင်းကတော့ အဲ့နေ့မှာ ဘန်လေအသင်းရဲ့ တုံ့ပြန်ကစားပုံကြောင့်အနိုင်ရဖို့ ခက်ခဲနိုင်ပြီး ရလဒ်အနေနဲ့ သရေလောက်နဲ့သာ ပြီးသွားမယ်ထင်ပါတယ်။

ပဲ့လေ့ နှင့် ဟက်ဒါဖီးလ်

 ဒီပွဲက ပဲလေ့အသင်းက အနိုင်ရဖို့လိုအပ်နေပါပြီ၊ ဒီပွဲမှာသာ ပဲ့လေ့ရှုံးနိမ့်ပါက တန်ဆင်းဇုံးအန္တာရယ်ကျရောက်သွားနိုင်ကြောင့် အမှတ်ပေးဇယားအောက်ဆုံးမှာ ရှိနေတဲ့ ဟက်ဒါဖီးလ်ကိုတော့ အနိုင်ယူသွားမှာပါ။ဟက်ဒါဖီးလ်ကလည်း အမှတ်ပေးဇယားအောက်ဆုံးမှာရောက်ရှိနေပြီး တန်းဆင်းဖို့ ရာခိုင်နှုန်းများနေတာကြောင့် ပဲလေ့စ်ကို တွန်းလှန်နိုင်မယ် မထင်ပါဘူး။ ပဲလေ့စ်အနိုင်ပါ။

မန်ယူ နှင့် ဝက်ဖို့စ်

နောက်ဆုံး ၄ ပွဲဆက် မှာ အနိုင်မရရှိသေးတဲ့ မန်ယူအသင်းက ဝက်ဖို့စ်ကို ဘယ်လိုအနိုင်ယူမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ဝင်ခွင်တစ်နေရာအတွက် မဖြစ်မနေ အနိုင် ၃ မှတ်ရယူဖို့လိုအပ်ပါတယ်။ မကြာသေးမီ ကမှ ဆိုးရှားလ်ကို အမြဲတမ်းနည်းပြရာထူးကို ခန့်အပ်ကြေညာခဲ့ ပါတယ်။ မန်ယူအသင်း သရေနဲ့ အနိုင်ရရှိနိုင်ပါတယ်။

 


29 Mar 2019     1,314 Views




RELATED

Most Popular of Football

Most Popular of Sport