BEC-TERO TV

လူကျွံအနေအထားကနေ ချလ်ဆီးအသင်းကို ဂိုးပေးလိုက်ရတဲ့အတွက် နစ်နာခဲ့တဲ့ ကာဒစ်

01 Apr 2019     1,321 Views


တနင်္ဂနွေနေ့ မှာကစားသွားခဲ့တဲ့ပရီးမီးယားလိဂ် ချလ်ဆီးအသင်းက ကာဒစ်အသင်းကို နောက်ကနေ လိုက်ကစားပြီး၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။တန်းဆင်း အန္တရာယ် ရှိနေတဲ့အိမ်ရှင် ကာဒစ်အသင်းက ဦးဆောင်ဂိုး ရရှိခဲ့တာ ဖြစ်ပြီး ပွဲချိန် ၄၆မိနစ် မှာ ကာမာရာဆာက ကန်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန် ၈၄ မိနစ်မှာ အက်ပလီကူတာနဲ့ နာကျင် အချိန်ပိုမှာ လော့တပ်ချိခ် တို့က ၂ဂိုးဆက်သွင်းယူပေးခဲ့လို့ ချဲဆီးလ်တို့ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းရရှိခဲ့တဲ့ ပထမချေပဂိုးမှာ အက်ပလီကူတာယာ လူကျွံအနေအထားကနေ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်ကို ကြီး ကြပ်ခဲ့တဲ့ဒိုင်လူကြီးတွေကို ကာဒစ်နည်းပြနေးလ်ဝါးနော့ဒ်က ဒေါသပေါက်ကွဲသွားခဲ့ပါတယ်။ အက်ပလီကျူတာဟာ သိသိသာသာ လူကျွံအနေအထားကနေ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါကို စည်းကြပ်ဒိုင်နဲ့ ကွင်းလယ်ဒိုင်တို့က ဂိုးအဖြစ်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ကာဒစ်နည်းပြ နေးလ်ဝါးနော့ဒ်က “ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ရလဒ်ကြောင့် စိတ်ပျက်ရပါတယ်။ သူတို့သွင်းယူခဲ့တဲ့ ချေပဂိုးဟာ လူကျွံအနေအထားကနေသွင်းယူခဲ့ပြီးတော့ ရသင့်တဲ့ ပင်နတီ တစ်ကြိမ်ကိုလည်း မပေးခဲ့ပါဘူး။ ဇယားအောက်ခြေကအသင်းတစ်သင်းက နောက်ဆုံး ၁၀ မိနစ်အတွင်း ၂ ဂိုးအထိပေးလိုက်ရတာ အရမ်းနစ်နာပါတယ် ” လို့ ပြောပါတယ်။

ထို့ကြောင့် ချလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို အခြေအနေပြန်လည်ကောင်းမွန်ခဲ့ပြီး ကာဒစ်အသင်းက တန်ဆင်းဇုံထဲ့မှာရောက်ရှိနေခဲ့သေးတာဖြစ်ပါတယ်။


01 Apr 2019     1,321 Views




RELATED

Most Popular of Football

Most Popular of Sport