BEC-TERO TV

ဘုန်းကြီးပျံပွဲမှာ အရက်မူးပြီး သေနတ်ပစ်ဖောက်သည့် ရဲတစ်ဦးကို ရွာသားများ ၀ိုင်းဝန်းဖမ်းဆီး

01 Apr 2019     1,633 Views


မတ်လ ၃၁ ၊ မနေ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကုလာဘာကျေးရွာအုပ်စု ချောင်းဝကျေးရွာမှာ ဘုန်းကြီးပျံပွဲ လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲဝန်ထမ်းတဦးက အရက်မူးပြီး ပွဲခင်းအတွင်း သေနတ်ပစ်ဖောက်ခဲ့တဲ့အတွက် ရွာသူရွာသားတွေ စိုးရိမ်ထိတ်လန့်ကာ ၀ိုင်းဝန်း ဖမ်းဆီး ထိန်းသိမ်းခဲ့ရတယ်လို့ သိရပါတယ်။
 
အဆိုပါပွဲကို လုံခြုံရေး ကူညီဆောင်ရွတ်ပေးနေသူ ကိုချိုလေးက “ မနေ့က ညနေ ၅ နာရီကျော်လောက်မှာ ရဲတစ်ယောက်က အရက်မူးပြီးတော့ ရောက်လာတယ်။ အဲ့ဒီနောက် သေနတ်ကိုမောင်းတင်ပစ်လိုက်တယ် ။ လူကိုထိဖို့ နည်းနည်းပဲလိုတယ်။ ဒါကြောင့် ကျွန်တော်တို့ ပွဲတာဝန်ခံတွေက ဝိုင်းဝန်ဖမ်းဆီးထိန်းသိမ်း လိုက်တာ ဖြစ်တယ်” လို့ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ ကျေးရွှာသူ ကျေးရွာသားသားတွေက အထင်မှားတာဖြစ်ပြီး သေနတ်ကျဉ်က မတော်မဆ ထွက်သွားတာဖြစ်တယ်လို့ မင်းပြင်ရဲစခန်းမှူး အောင်စိုးမိုးကပြောပါတယ်။

 


01 Apr 2019     1,633 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS