BEC-TERO TV

ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဘယ်အသင်းက သိမ်းပိုက်သွားမှာလဲ

01 Apr 2019     1,293 Views


ပရီးမီးယားလိဂ်ပြိုင်ပွဲများလည်း ပြီးဆုံးဖို လက်ကျန် ပွဲအနည်းငယ်သာကျန်ရှိတော့တာဖြစ်ပါတယ်။ ချန်ပီယံဆု အတွက် နောက်ထပ် ခြေတစ်လှမ်းပရီးမီးယားလိဂ်ဖလားကို အရယူဖို့ အပြင်းအထန် ကြိုးစားနေတဲ့ လီဗာပူးလ် အသင်းကတော့ တစ်ပွဲပိုကစားထားပြီး လက်ရှိချန်ပီယံ မန်စီးတီးထက် တစ်ပွဲပိုကစား ၂ မှတ် အသာနဲ့ ဇယားထိပ်ကို ပြန်ဦးဆောင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းက မနေ့က စပါးအသင်းကို ၂-၁ ဖြင့်အနိုင်ရခဲ့ပြီးနောက် ပွဲကျပ်တစ်ပွဲအနိုင်ရခဲ့တာကြောင့် ဒီနှစ်ကတော့ လီဗာပူးပရိတ်သတ်တွေ ရင်ခုန်သံမြန်စေမဲ့ နှစ်တစ်နှစ် ဖြစ်လာခဲ့ပါတယ်။ လီဗာပူလ်းအသင်းက တစ်ပွဲပိုကစားထားပြီး လက်ကျန် ၆ ပွဲမှာ ၁ ပွဲသာပွဲကျပ် ချလ်ဆီးအသင်းနဲ့ ကန်ရမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းက လက်ကျန် ၇ ပွဲကျန်ရှိနေပြီး စပါး ၊ မန်ယူ တို့နဲ့တွေ့ ဆုံဖိုရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီရာသီမှာ ခြေစွမ်းပိုင်း အရ အသာရနေတဲ့ မန်စီးတီးအသင်းက ချန်ပီယံဖြစ်ဖို့ အာသာချက်တွေရှိလာခဲ့ပါတယ်။

ရာသီကုန်မှာတော့ ဒီနှစ်သင်း ဘယ်အသင်းက ပရီးမီးယားလိဂ်ဖလားကို ဗိုလ်စွဲသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းလာပါပြီ။ ဘောလုံးဝါသနာရှင် ပရိတ်သတ်တို့ကလည်း ဘယ်အသင်းက ချန်ပီယံဆု ကိုသိမ်းပိုက်သွားမယ်လို့ ထင်လဲ..?

 


01 Apr 2019     1,293 Views




RELATED

Most Popular of Football

Most Popular of Sport