BEC-TERO TV

အကြမ်းစားပုံရိပ်တွေတင်ပြီး ပရိသတ်ကြီးကို April Fool လုပ်လိုက်တဲ့ မေသစ္စာမောင်

01 Apr 2019     1,482 Views


မော်ဒယ်လောကထဲမှာ လူသိများထင်ရှားတဲ့ မေသစ္စာမောင်ဟာဆိုရင် သူမရဲ့လှပပြီး ဆွဲဆောင်မှုအားပြင်းတဲ့ ရှိုက်ကြီးဖိုငင်အသွယ်သွယ်တို့ကြောင့် နာမည်ကြီးရေပန်းစားလာတာဖြစ်ပါတယ်။ Transgender တစ်ဦးဖြစ်ပေမယ့် သူမရဲ့အလှက မိန်းကလေးအစစ်တွေရှုံးလောက်အောင် လှပတာကြောင့် LGBT အသိုင်းအ၀ိုင်းမှာသာမက ပုရိဿတွေကြားမှာပါ သူမရဲ့အလှကဆွဲဆောင်ဖမ်းစားထားတာဖြစ်ပါတယ်။

Sexy ပိုင်းကိုအသားပေးတဲ့ မော်ဒယ်တစ်ယောက်ဖြစ်တာကြောင့် သူမရဲ့အလှတို့ကိုပေါ်လွင်ထင်ရှားစေတဲ့ ပုံတွေကိုရိုက်ကူးပြီး မကြာခဏဆိုသလို လူမှုကွန်ယက်ဖေ့စ်ဘွတ်ကနေ မျှဝေလေ့ရှိပြီး အားပေးကြသူပရိသတ်တွေကလဲ အများသားရှိနေတာပဲဖြစ်ပါတယ်။ မေသစ္စာမောင်ကတော့ ယနေ့ ဧပြီ (၁) ရက် April Fool နေ့မှာ ခပ်ကြမ်းကြမ်းပုံရိပ်တွေကိုတင်ပြီး ပရိသတ်ကြီးကို ရူးခါသွားအောင်လုပ်လိုက်ပြန်ပါပြီ။

သူမရဲ့အလှတွေကို တဘက်လေးတစ်ထည်သာဖုံးပြီး မခို့တရို့လေးလှစ်ဟာပြလိုက်ကာ ရူးခါသွားအောင်ဖမ်းစားလိုက်တာပဲဖြစ်ပါတယ်။ မေသစ္စာမောင်က “အားလုံး ရူးကွာ” ဆိုပြီး Caption လေးတပ်ကာ ပုံတွေကိုတင်ထားတာဖြစ်ပြီး ပုရိဿတစ်ချို့ကတော့ သူမရဲ့အလှတွေအောက်မှာ နစ်မြောသွားကြပါပြီ။ ရက်ရက်စက်စက်ကို ညှို့ယူဖမ်းစားလိုက်တဲ့ မေသစ္စာမောင်ရဲ့ အမိုက်စားပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

(ပိုပိုလေး)

 

 

 


01 Apr 2019     1,482 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment