BEC-TERO TV

နိုင်ငံခြားကို အပြီးပြောင်းနေတော့မယ်ဆိုတဲ့ သရုပ်ဆောင်ဖွေးဖွေး

01 Apr 2019     1,461 Views


ပရိသတ်အချစ်တော် မင်းသမီးလေးဖွေးဖွေးကတော့ ကလေးဆန်တဲ့အမူအယာလေးတွေနဲ့ ချစ်စရာကောင်းသူလေးဖြစ်ပြီး စကားပြောရင်လဲ ပွင့်ပွင့်လင်းလင်းရှိသူတစ်ယောက်ပါ။ မြန်မာတစ်ပြည်လုံးက ပရိသတ်ရဲ့အချစ်တွေကို သိမ်းပိုက်ထားသူလေးဖွေးစိန်ကတော့ အနုပညာနဲ့ပတ်သက်ရင်လဲ ဘယ်လိုဇတ်ရုပ်မျိုးလာလာ သူမသရုပ်မဆောင်နိုင်တာ မရှိသလောက်ကို အနုပညာအရည်အချင်းတွေက ထူးချွန်ပြောင်မြောက်လှတာကြောင့် မြန်မာနိုင်ငံရဲ့ထိပ်တန်းစာရင်းဝင် မင်းသမီးတစ်လက်အဖြစ်ရပ်တည်နေတာဖြစ်ပြီး အောင်မြင်မှုတွေများစွာ သိမ်းပိုက်ရရှိထားတာပဲဖြစ်ပါတယ်။

ဖွေးစိန်လေးဟာဆိုရင် ယနေ့မှာ သူမပရိသတ်တွေအတွက် စိတ်မကောင်းဖြစ်စေမယ့်စကားလေးတစ်ခွန်းကို ထုတ်ပြောလိုက်ပါတယ်။ အဲ့တာကတော့ သူမအနေနဲ့နိုင်ငံခြားကို အပြီးပြောင်းနေတော့မှာဖြစ်တယ်ဆိုတဲ့အကြောင်းကို လူမှုကွန်ယက်ကနေ ထုတ်ပြောလိုက်တာဖြစ်ပြီး သူမကိုချစ်တဲ့ပရိသတ်တွေက အလွန်ကိုစိတ်မကောင်းဖြစ်နေကြကာ လွမ်းနေပါ့မယ်လို့လဲ ပြောဆိုရေးသားထားကြတာ တွေ့ရပါတယ်။

ဖွေးစိန်လေးက “နိုင်ငံခြားမှာပဲ အပြီးပြောင်းနေတော့မလို့ တာ့တာ... လွမ်းနေမယ်” ဆိုပြီး ရေးသားကာ April Fool အဖြစ်စနောက်ထားတာဖြစ်ပါတယ်။ ဖွေးစိန်လေးစနောက်တာကို မသိတဲ့ပရိသတ်ကြီးကတော့ အရမ်းကိုစိတ်မကောင်းဖြစ်နေကြပေမယ့် April Fool လုပ်တယ်ဆိုတာကို ကြိုသိနေတဲ့ ပရိသတ်တွေကတော့ နိုင်ငံခြားမှာ အပြီးသွားနေတော့မယ်ဆိုတဲ့ စကားကြီးနဲ့တော့ မစပါနဲ့ဆိုပြီး ပြောဆိုထားကြတာလည်း တွေ့ရပါတယ်။

သုံးထပ်ကွမ်း အကယ်ဒမီဆုရှင်တစ်ယောက်ဖြစ်သွားပြီဖြစ်တဲ့ ဖွေးစိန်လေးကတော့ လက်ရှိမှာ ကားအက်ဆီးဒင့်ဖြစ်ထားတဲ့ဒဏ်ရာကြောင့် ရိုက်ကူးရေးတွေကို (၆) လခန့်အနားယူထားတယ်လို့သိရပါတယ်။ သူမအနေနဲ့ ရုပ်ရှင်ကားရိုက်ကူးမှုတွေကို နားထားသော်လည်း ကြော်ငြာရိုက်ကူးမှုနဲ့ ပွဲလမ်းသဘင်တွေကိုတော့ တက်ရောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။   

(ပိုပိုလေး)

 

 


01 Apr 2019     1,461 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment