BEC-TERO TV

ဖလား ၄ လုံးစလုံးကို သိမ်းပိုက်နိုင်ဖို့ မျှော်လင့်နေတဲ့ မန်စီးတီး

01 Apr 2019     1,577 Views


ဒီနှစ်ဘောလုံးရာသီမန်စီးတီးအသင်းဟာ ဖလားလေးလုံးလမ်းကြောင်းပေါ်မှာ ရပ်တည်နေတာကြောင့် နည်းပြ ဂွါဒီယိုလာက ဖလား လေးလုံးစလုံးကို သိမ်းပိုက်နိုင်ဖို့ မျှော်လင့်နေပါတယ်။

မန်စီးတီးနည်းပြကြီး ဂွာဒီယိုလာဟာ ၂၀၁၆ ခုနှစ်မှာ ဘိုင်ယန်မြူနစ်အသင်းကနေ ပြောင်းရွေ့ လာခဲ့ပြီး မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလား ၊ လိဂ်ဖလားတွေကို ရယူပေးထားနိုင်ခဲ့ပါတယ်။ ယခုနှစ်မှာလည်း ဖလား ၄ စလုံးသိမ်းပိုက်နိုင်ဖို့ မျှော်လင့်နေခဲ့ကြပါတယ်။

အက်ဖ်အေဖလားမှာလည်း ဆီမီးဖိုင်နယ်တက် ရောက်ထားသလို ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ဖလား ပြိုင်ပွဲတွေမှာလည်း အခြေနေကောင်းတွေကို ပိုင်ဆိုင်ထားတာပါ။ ဂွါဒီယိုလာက “ ကျွန်တော်တို့အသင်းဟာ ခြေစွမ်းပိုင်းရော စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါ အမြင့်ဆုံးအနေအထား ကိုရောက်ရှိနေတာပါ၊ တစ်ကယ်ကောင်းမွန်တဲ့ အတွေ့ အကြုံတွေကနေ ရလဒ်ကောင်းတွေ ဖန်တီးနိုင်မှာပါလို့ “ ဆိုပါတယ်။

ဂွါဒီယိုလာ ဟာဘာစီလိုနာအသင်းကိုပထမဆုံး နည်းပြခဲ့တဲ့ (၁၂) လအတွင်းမှာ ဖလား (၆) လုံးအထိ ရယူ ပေးထားနိုင်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ ယခုနှစ်ပရီးမီးယားလိဂ်မှာလည်း (၈) ပွဲသာကျန်ရှိတော့တာ ဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်ထားနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ယခုနှစ်မှာ ဖလား (၄) လုံးရယူနိုင်ခဲ့မယ်ဆိုရင် (၁၉၆၇) ခုနှစ် ဆဲလ်တစ် အသင်းနောက်ပိုင်း ပထမဆုံးဖလား လေးလုံးရယူနိုင်တဲ့ ဗြိတိန်ကိုယ်စားပြု ကလပ်အသင်းဖြစ်လာမှာပါ။


01 Apr 2019     1,577 Views




RELATED

Most Popular of Football

Most Popular of Sport