BEC-TERO TV

လေပြင်းတိုက်ပြီး စျေးဆိုင်ထီးကြီးနဲ့အတူပါသွားသူ (ရုပ်သံ)

01 Apr 2019     1,705 Views


ရုပ်သံကိုကြည့်သူတိုင်း ကြက်သီးမွေးညှင်းထလောက်အောင် ဖြစ်ခဲ့ရပါတယ်။ မတ်လ ၂၅ ရက်နေ့က တူရကီနိုင်ငံတောင်ပိုင်းက မြို့တစ်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ရုပ်သံမှာ လေပြင်း တိုက်မှုကြောင့် လမ်းဘေးစျေးရောင်ရာမှာသုံးတဲ့ အကြီးစားထီးကြီးနဲ့အတူ အမျိုးသားတစ်ဦး မိုးပေါ်မြောက်တက် လွင့်ပါသွားခဲ့ပါတယ်။
 
 
ရုပ်သံမှာ လေပြင်းတိုက်နေတာကြောင့် အမျိုးသား ၃ ဦး အနီးနားမှာရှိတဲ့ စျေးထီးကြီး (ထော်လီလှည်းမှာစိုက်ထား) အောက်ကို ဝင်ခိုရာမှာ လှည်းပေါ် ခြေထောက် တင်မီပြီး ၃ ဦးသားပါးသွားမလို ဖြစ်တုန်းမှာ အမျိုးသားနှစ်ယောက်က ပြန်ဆင်းခဲ့ပါတယ်။ Ismet Icoz ဆိုသူ တစ်ယောက်ကတော့ ထီးကြီးနဲ့အတူ အတော်မြင့်မြင့် ပါသွားခဲ့ပြီး ပြန်ခုန်ချခဲ့ရာမှာ ခြေချင်းဝတ်လည်ပြီး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံပို့ခဲ့ရကြောင်း ရိုက်တာ သတင်းကို ပြောကြားခဲ့ပါတယ်။ 
 

01 Apr 2019     1,705 Views




RELATED

Most Popular of Special or Others

Most Popular of NEWS