BEC-TERO TV

၃ လသားကလေး မိခင်လက်မှ လွတ်ကျပြီး ၃လွှာမှ အောက်ပြုတ်ကျသေဆုံး (ရုပ်သံ)

01 Apr 2019     1,769 Views


မွေးကင်းစ ကလေးငယ်တွေကို ချီရပိုးရတာ သိပ်ကိုတာဝန်ကြီးပြီး ကလေးအတွက်လည်း အန္တရာယ်များပါတယ်။ တစက်လေးမှ အမှားမခံပါဘူး။ ၃ လသား ကလေးလေးကို ချီထားတဲ့ မိခင်ဟာ စျေးဝယ်စင်တာရဲ့ သုံးထပ် စက်လှေကားကနေ အောက်ထပ်ကို ဆင်းလာစဉ် ချီထားတဲ့ ကလေး လွတ်ကျခဲ့သွားခဲ့ပြီး မြေညီထပ်ကြမ်းပြင်ပေါ် ကလေးပြုတ်ကျသေးဆုံးခဲ့ပါတယ်။
 
တရုပ်နိုင်ငံ ဒေါင်ဂွမ်း စျေးဝယ်စင်တာမှာ မတ်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ တရုပ်သတင်းမှာ ဖော်ပြချက်အရ အမျိုးသမီးဟာ သူမရဲ့ သားအကြီးကောင်လေးနဲ့အတူ ရင်ခွင်ပိုက် သားငယ်ကိုချီရင်း စျေးဝယ်ထွက်ခဲ့ရာက သုံးလွှာမှ စက်လှေကားနဲ့ ပြန်ဆင်းစဉ် ကလေးငယ်ဟာ သူမချီထားရင်းနဲ့ ချော်ထွက်ပြီး စက်လှေကား လက်ရမ်းဘေးကနေ မြေညီထပ်ကို ပြုတ်ကျခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
 
ရုပ်သံမှာတော့ အမျိုးသမီးဟာ အဆင်း စက်လှေကားပေါ် တက်ပြီ ၃ စက္ကန့်အကြာမှာ သူမရဲ့ ခြေလှမ်းကို ပြင်လိုက်စဉ် ဟန်ချက်ပျက်ပြီး ကလေးက ထွက်ကျသွားခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ သားအမိနှစ်ဦး မြေညီထပ်ကို ပြေးဆင်းသွားခဲ့ပေမယ့် ကလေးက သေဆုံးသွားခဲ့ပါပြီ။
 
 
တာဝန်ရှိသူတွေကတော့ ဒီအဖြစ်ပျက်ဟာ မတော်တဆမှုလား သွေးအေးအေးနဲ့ လုပ်ဆောင်ခဲ့တာလား ဆိုတာကို စုံစမ်းစစ်ဆေးလျှက်ရှိပါတယ်။

01 Apr 2019     1,769 Views




RELATED

Most Popular of Special or Others

Most Popular of NEWS