BEC-TERO TV

အသက်ကြီးပေမယ့် ခြေမကျသေးဘဲ အဆင့်တန်းမြင့်မားတဲ့ သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ရွန်းနီ

01 Apr 2019     1,330 Views


မနေ့က DC ယူနိုက်တက်အသင်းဟာ အော်လန်ဒို စီးတီးအသင်းကို ၂-၁ ဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာ မန်ယူ အသင်းနှင့် အဲဗာတန်ကစားသမားဟောင်း ဝိန်းရွန်းနီက တစ်ဂိုးဖန်တီးပေးပြီး အလန်းစား ဖရီးကစ်ဂိုး တစ်ဂိုးသွင်း ယူပေးထားနိုင်ခဲ့ပါတယ်။ ရွန်းနီဟာ အဆင့်တန်းမြင့်မားတဲ့သွင်းဂိုးတစ်ဂိုးသွင်းယူပေးပြီးနောက် အသက်ကြီးပေးမယ့် ခြေစွမ်းပိုင်းမကျသေးဘူးဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။

DC ယူနိက်တက်အတွက် အဖွင့်ဂိုးကို ၆ မိနစ်မှာ ရွန်းနီရဲ့ ဖန်တီးပေးပိုမှုမှတဆင့် စတပ်ဘင်ဘန်က ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မိနစ် ၃၀ အရောက်မှာ ရွန်းနီဟာ ထောင်ဖြတ်အနေအထားကနေ ဂိုးထဲကို တိုက်ရိုက်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။အောလန်ဒို စီးတီးအတွက် ချေပဂိုးကို ဒွန်ဒွိုင်ယာ ကသွင်းယူပေးခဲ့ပါတယ်။

ရွန်းနီဟာ မေဂျာလိဂ်မှာ ၄ ပွဲကစားပြီးသွင်းဂိုး ၃ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပြီး အသင်းကလည်း အမှတ်ပေးဇယား အဆင့် ၁ နေရာမှာရပ်တည်နေပါတယ်။

 


01 Apr 2019     1,330 Views




RELATED

Most Popular of Football

Most Popular of Sport