BEC-TERO TV

Blind Audition မှာပရိသတ် အားပေးမှုအများဆုံး The Voice Myanmar ပြိုင်ပွဲဝင် (၃)ဦး

01 Apr 2019     1,420 Views


The Voice Myanmar ရဲ့ အသံစစ်ဆေးမှု ဒုတိယအဆင့်ဖြစ်တဲ့ ‘Blind Audition’ ကတော့ပြီးဆုံးသွားခဲ့ပါပြီ။ Blind Audition ရဲ့ ၆ ပတ်စလုံးမှာ ယှဉ်ပြိုင်ခဲ့ကြသူတွေက ကိုယ်စီကိုယ်ငှ ပင်ကိုယ်အရည်အသွေးတွေ ပြည့်ဝကြသူတွေဖြစ်ပါတယ်။
 
အဲဒီထဲကမှ ပြိုင်ပွဲပြီးဆုံးသွားပြီးနောက်မှ ပရိသတ်တွေ YouTube ပေါ်ကနေတစ်ဆင့် အားပေးကြည့်ရှုမှု အများဆုံး TOP 3 ကို  ရွေးချယ်ဖော်ပြလိုက်ရပါတယ်၊ သူတို့တွေကို ဘာကြောင့် ဒီလောက်ထိ အားပေးကြတာလဲ..?
 
 
 
ယနေ့ စစ်တမ်းအရ ကြည့်ရှုသူအရေအတွက် တစ်သန်း ရှစ်သောင်းကျော်နဲ့ “နိုဗန်ထူး” ရဲ့ ယှဉ်ပြိုင်မှုက နံပါတ်(၁) နေရာမှာ ရှိနေပါတယ်။
နံပါတ်(၂) နေရာအတွက် “ညိုမီမီထွန်း” က ကြည်ရှုသူ တစ်သန်း တစ်သောင်းကျော်။
နံပါတ်(၃) ကတော့ ကြည့်ရှုသူအရေအတွက် ခုနှစ်သိန်း ကိုးသောင်းကျော်နဲ့ “ဂျဒ်ဆန်ဖစ်ရှ်” က ရပ်တည်နေပါတယ်။
 
သူတို့ ၃ ဦး စလုံးရဲ့ တူညီတဲ့ အချက်ကတော့ နည်းပြ ၄ ဦးစလုံး စက်ခလုပ်နှိပ်ပြီး ရွေးချယ်တာ ခံခဲ့ရတာပါပဲ။
နောက်ထပ် ထူးဆန်းစွာ တူညီနေတာကတော့ သူတို့အားလုံးဟာ “ကျားပေါက်” ကိုပဲ ရွေးချယ်ခဲ့ကြတဲ့အတွက် ပရိသတ်အားအပေးဆုံး ၃ ယောက်ဟာ တစ်သင်းထဲမှာ အတူရှိနေတယ်ဆိုတာပါပဲ။
 
(၁) နိုဗန်ထူး
ပရိသတ်အားပေးမှု အများဆုံးရခဲ့တဲ့ အဓိကအကြောင်းရင်းကတော့ မြန်မာ့ဂီတလောကကို သီဆိုမှုပုံစံအသစ်တွေ သယ်ဆောင်လာနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ သူ့သီးချင်းကို ကြည့်ရှုနားဆင်ကြတဲ့ ပရိသတ် အယောက် ၁၀၀ မှာ ၈၀ လောက်က ဘာတွေ ဆိုနေမှန်း မသိကြတဲ့သူတွေများပါတယ်။ (စကားချပ်၊ ပရိသတ်ကို အထင်းသေးခြင်းမဟုတ်၊ လက်တွေခြုံငုံမိခြင်းသာ) 
 
 
ဒါဆို ဘာကြောင့် အားပေးကြသလဲ..? 
“နိုဗန်ထူး” ရဲ့ ဂီတကို ရူးသွပ် ဆာလောင်မှု၊ ဂီတသမားစစ်စစ်နဲ့တူတဲ့ ဖျော်ဖြေသီဆိုမှုများကြောင့် သီချင်းကို နားမလည်တာက တစ်ပိုင်းဖြစ်ပေမယ့် ခံစားမှုရသ အသစ်တစ်ခုကို ပေးစွမ်းနိုင်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။
 
 
 
(၂) ညိုမီမီထွန်း
 
 
Blind Audition ဒုတိယပတ်မှာ ပထမဦးဆုံး ယှဉ်ပြိုင်သွားခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲဒီတစ်ပတ်ကလည်း ကောင်းတဲ့သူတွေ များလွန်းလို့ နည်းပြတွေ ကိုယ်တိုင် ခေါင်းစားခဲ့ရတဲ့ အပတ်လည်းဖြစ်ပါတယ်။ ဆုန်သင်းပါရ် ရဲ့ သီချင်းအေးအေးလေး တစ်ပုဒ်ဖြစ်တဲ့ “အမြဲတမ်းမင်းရှိတယ်” ဆိုတဲ့ သီချင်းကို ခံစားနားဆင်သူတွေ ကြက်သီးဖျန်းဖျန်း ထအောင် စွဲဆောင်နိုင်ခဲ့တဲ့ အတွက် YouTube မှာ ဒုတိယ ပရိသတ်အားပေးမှု အများဆုံးအဖြစ် ရပ်တည်နေတာပါ။
 
 
 
(၃) ဂျဒ်ဆန်ဖစ်ရှ်
နောက်ခံတီးလုံး မျှင်းမျှင်းလေးနဲ့ သီချင်းကို CHO ပိုဒ်လေးနဲ့ စဝင်လိုက်ထဲက အားလုံးကို “ဂျဒ်ဆန်ဖစ်ရှ်” သိမ်းပိုက်သွားနိုင်ခဲ့ပါပြီ။ တိမ်မြုတ်ပျောက်ကွယ်နေတဲ့ သီချင်းဟောင်း သီချင်းကောင်းလေးကို ခံစားသက်ဝင်မှု အပြည့်နဲ့ စ၊ လယ်၊ ဆုံး အဖြတ်အတောက် သပ်သပ်ရပ်ရပ်နဲ့ အနားသတ်နိုင်ခဲ့တဲ့အတွက် နည်းပြတွေကလည်း တပြုံးပြုံ ပရိသတ်တွေကလည်း တဝုန်းဝုန်းနဲ့ ပွဲဆူခဲ့တဲ့ ယှဉ်ပြိုင်မှုလေး ဖြစ်ခဲ့ပါတယ်။ 
 
 
Blind Audition စတုတ္ထပတ်ညက အားလုံးပဲ “ဂျဒ်ဆန်ဖစ်ရှ်” ရဲ့ ‘မင်းမရှိရင်မဖြစ်လို့’ သီချင်းလေးနဲ့ အိပ်ယာဝင်ခဲ့ကြတာကို မှတ်မိကြဦးမယ်ထင်ပါတယ်။
 
 
ဒါကြောင့်မို့ YouTube မှာ TOP 3 ဖြစ်နေကြတဲ့ အသင်းတူ “ကျားပေါက်” ရဲ့ အဖွဲ့သားတွေ Battel Round ကျရင် ဘယ်နှစ်ဦး ထိပ်တိုက်ပြန်ဆုံနိုင်မလဲဆိုတာ အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်။ The Voice Myanmar အကြောင်းလေးတွေကို ဦးဦးဖျားဖျား တင်ဆက်ပေးနေတဲ့ ပိုပိုလေး Facebook Page ကိုလည်း Like & See First လုပ်ထားကြပါဦးလို့..။

01 Apr 2019     1,420 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment