BEC-TERO TV

‘အောင်လအန်ဆန်’ ကန်ချက်ကြောင့် ‘ကန်ဟာဆီဂါဝါ’ နံရိုးကျိုး ဆေးရုံတက်

02 Apr 2019     2,711 Views


မတ်လ ၃၁ ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမှာ ပြုလုပ်ခဲ့တဲ့ “A New Era” ONE Championship ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်းချံပီယံ ‘အောင်လအန်ဆန်’ ကို စိတ်ခေါ်ထိုးသတ်ခဲ့သူ ဂျပန်ကစားသမား ‘ကန်ဟာဆီဂါဝါ’ အတွင်းဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံတက်ကာ ခွဲစိတ်ကုသမှု ခံယူနေရသည်။
 
 
‘ကန်ဟာဆီဂါဝါ’ ဟာ ယှဉ်ပြိုင်နေစဉ် ပွဲအတွင်း ‘အောင်လအန်ဆန်’ ၏ ကန်ချက်များကြောင့် နံရိုးကျိုးခဲ့ပြီး အဆုပ်ထဲသို့ စိုက်ဝင်သွားခဲ့ပြီး အဆုပ်ထဲသို့ သွေး ၂ လီတာခန့် ရောက်ရှိနေတာကြောင့် ဒဏ်ရာပြင်းထန်ခဲ့ပြီး ဆေးရုံတက် ကုသနေရကြောင်း ‘ကန်ဟာဆီဂါဝါ’ က သူရဲ့ လူမှုကွန်ယက် တွစ်တာကနေ ပြောကြားခဲ့ပါတယ်။
 
 
 
“ဒီနေ့ အထူးကြပ်မတ်ကုသဆောင်ကို သွားရမှာပါ၊ ကျွန်တော့ရဲ့ အဆုပ်ထဲကို သွေး ၂ လီတာလောက် ရောက်ခဲ့တာကြောင့် ပြန်စုပ်ထုပ်ပြီး သွေးသွင်းတာတွေလုပ်ရပါမယ်။ ကျွန်တော့ရဲ့ အတွင်းကလီစာတွေထဲက သွေးထွက်တာတွေလည်း မရပ်သေးပါဘူး၊ ဒီနေ့ညမှာ ခွဲစိတ်မှုခံယူရပါမယ်။ လောလောဆယ်တော့ ကျွန်တော် ဆေးကုသမှုခံယူရဦးမှာမို့ စိတ်မကောင်းပါဘူး” လို့ ရေးသားထားပါတယ်။အောက်ဖော်ပြပါ ပုံကတော့ “ကန်ဟာဆီဂါဝါ’ ရဲ့ အဆုပ်ထဲမှ စုပ်ထုတ်ထားတဲ့ သွေးတွေဖြစ်ပါတယ်။
 
 
‘ကန်ဟာဆီဂါဝါ’ ရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွခ်မှာတော့ မြန်မာပရိသတ်တွေအပါအဝင် အတော်များများက အားပေးချီးကျူးစကားတွေ ရေသားထားကြတာကို တွေ့ရပါတယ်။
 

02 Apr 2019     2,711 Views




RELATED

Most Popular of Boxing

Most Popular of NEWS