BEC-TERO TV

အိမ်ကွင်း ၁၀ ပွဲဆက်အနိုင်နဲ့ အဆင့် ၃ နေရာသို့ တက်ရောက်နိုင်ခဲ့တဲ့ အာဆင်နယ်

02 Apr 2019     1,302 Views


ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ အိမ်ကွင်းမှာ နယူးကာဆယ် အသင်းကို နှစ်ဂိုးပြတ် အနိုင်ရသွားခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ အာဆင်နယ် အသင်းအတွက်တော့ ပြိုင်ဘက်အသင်းတွေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယှဉ်ပြိုင်နေချိန်မှာ အရေးပါတဲ့ နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် ဂိုးတွေကို ရမ်ဆေးနဲ့ လာကာဇက်တို့က သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

အူနှိုင်း အမ်မရီက  “ ပထမဆုံးအနေနဲ့ ကျွန်တော့ ကစားသမားတွေကို ဂုဏ်ပြုချင်ပါတယ်။ သူတို့အကောင်းဆုံး ပေးဆပ်ကစားခဲ့ကြလို့ နိုင်ပွဲရရှိတာပါ။ ကျွန်တော်တို့အသင်းဟာ စပါးအသင်းကို သရေကျပြီးနောက်ပိုင်း ကစားပုံတိုးတက်လာပြီး အရေးပါတဲ့ နိုင်ပွဲတွေရရှိခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ရရှိလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့တယ်။ဒီလို အရေးပါတဲ့ ပွဲတစ်ပွဲကို အနိင်ယူပြီး အမှတ်ပေးဇယား ၃ နေရာသို့တက်လှမ်းနိုင်ခဲ့တဲ့အတွက် ကျေနပ်စရာပါ ” လို့ပြောပါတယ်။

အာဆင်နယ်အသင်းဟာ အိမ်ကွင်း ၁၀ ပွဲဆက်အနိုင်ရရှိခဲ့ပြီး နောက်လာမယ့် ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်ပါက ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ကျိန်းသေရရှိသွာမှာဖြစ်ပါတယ်။ နောက်တစ်ပါတ်မှာ အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

 


02 Apr 2019     1,302 Views




RELATED

Most Popular of Football

Most Popular of Sport