BEC-TERO TV

လတ်တလော RS ချိတ်ထားတဲ့ Victoria ကဘယ်သူဆိုတာကိုပြောပြလိုက်တဲ့ စိုင်းစိုင်း

02 Apr 2019     1,423 Views


မြန်မာနိုင်ငံမှာ ဆယ်စုနှစ် (၂) ခုစလုံးပရိတ်သတ်ကို လွှမ်းမိုးထားနိုင်တဲ့ အဆိုတော်ကို ပြပါဆိုရင်တော့ စိုင်းစိုင်းကိုပြရမှာပါပဲ။ ဘယ်လိုပင် အသက်တွေကြီးသွားသွား စိုင်းစိုင်းကတော့ စိတ်ပျိုလို့ ကိုယ်နုတယ်လို့ပြောရမှာပါ။ လူငယ်တွေ ဘာတွေလုပ်နေတယ်၊ ဘယ်လို ရှိတယ်ဆိုတာ အမြဲလေ့လာနေပြီး ခေတ်ရေစီးကြောင်းနဲ့အတူ စီးမျောလိုက်ပါတတ်တဲ့ စိုင်းစိုင်းကို ယနေ့ခေတ် လူငယ်တွေကပါ တစ်ခဲနက်အားပေးကြတာ မဆန်းပါဘူး။

စိုင်းစိုင်းဟာ လူပျိုကြီးအနေနဲ့ တစ်ကိုယ်တည်းရပ်တည်နေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ April 1 ရက်နေ့မှာ စိုင်းစိုင်းတစ်ယောက် Victoria အမည်ရှိတဲ့ မိန်းကလေး တစ်ယောက်နဲ့ facebook မှာ relationship ချိတ်ခဲ့ပါတယ်။ စိုင်းစိုင်းဟာ နှုတ်ခမ်းနီမလေး တွေရဲ့ အသဲစွဲပရိတ်သတ်မို့ မိန်းကလေးပရိတ်သတ်တွေကြားမှာ ဂယက်အနည်းငယ်ထခဲ့ပြီး အများကတော့ စိုင်းစိုင်းသူ့ပရိတ်သတ်တွေကို April Fool မှာစနောက်နေတာပဲဆိုပြီး ပြောနေကြပါတယ်။

စိုင်းစိုင်းက သူ RS ချိတ်လိုက်တဲ့ Victoria နဲ့ပတ်သတ်ပြီး အင်တာဗျူးမှာဖြေကြားသွားခဲ့ပါတယ်။ Victoria ဆိုတာကတော့ တခြားမဟုတ်ပါဘူး။ လတ်တလောမှာ   Frenzo Production နဲ့ Pencell Studio တို့ပူးပေါင်းပြီး ပရောဂျက်လေးတစ်ခုပြုလုပ်ခဲ့ပါတယ်။

 ပြုလုပ်ခဲ့တဲ့ ပရောဂျက်ကတော့ Frenzo မှ အဆိုတော်များပါဝင်သီဆိုထားတဲ့ “ငါ့ရည်းစားကပိုမိုက်တယ်” သီချင်းကို animation ver နဲ့ ထွက်ရှိဖို့ဖြစ်ပါတယ်။ ဒီသီချင်းမှာ စိုင်းစိုင်းရဲ့ ကောင်မလေးနေရာက ဇာတ်ကောင်ကို Victoria ဆိုပြီး စိုင်းစိုင်းက အမည်ပေးခဲ့တာပါ။

“ကျွန်တော့် ဇာတ်ကောင်အတွက် သူတို့က အကောင်းဆုံးသေချာလေးဆွဲပေးထားပါတယ်။ ဒီထဲက မင်းသမီးလေးကိုလဲ ကျွန်တော်က Victoria လို့နာမည်ပေးလိုက်တယ်၊ ပြီးတော့ သူ့နာမည်နဲ့အကောင့်တစ်ခုဖွင့်ပြီး Music Video ထွက်တဲ့နေ့မှာ Relationship တင်မယ်လုပ်ထားတာ အစကတော့ အားလုံးတင်မလို့ပဲ ဒါပေမဲ့ အားလုံးတင်ဖို့ကျမဖြစ်နိုင်ဘူး ဒါကြောင့် ကျွန်တော်တစ်ယောက်ပဲတင်လိုက်ရတယ် ” လို့ပြောကြားခဲ့ပါတယ်။

တစ်ဖန် စိုင်းစိုင်းက သူ့ချစ်သူကောင်မလေးနေရာက ပါဝင်ခဲ့တဲ့ ဇာတ်ကောင်ကို victoria လို့နာမည်ပေးရခြင်းအကြောင်းအရင်းကို လဲပြောကြားခဲ့ပါတယ်။ “Victoria ဆိုတာ Victory ကလာတာပါ၊ Victory ဆိုတာ အောင်ပွဲလို့ အဓိပ္ပါယ်ရပါတယ်” ဆိုပြီး ပြောကြားသွားပါတယ်။

(ပိုပိုလေး)                                                                                                                                                                                                    

 


02 Apr 2019     1,423 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS