BEC-TERO TV

ကျော်မင်းဦး၏ဒဏ်ရာကို ဦးဇော်ဇော်မှစိုက်ထုတ်ကုသပေးမည့်အပြင် တစ်လလစာ ၁၀သိန်းပေးသွားမည်

02 Apr 2019     1,547 Views


ဒူးဒဏ်ရာကြောင့်အသက်၂၃နှစ်အရွယ်မှာဘောလုံးလောကမှအနားယူသွားသည့်ကွင်းလယ်ကစားသမား ကျော်မင်းဦးကိုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်၏တိုက်တွန်းဖျောင်းဖြမှုကြောင့်ဘောလုံးပြန်ကစားနိုင်ဖို့ ဆေးကုသမှုခံယူတော့မယ်လို့သိရပါတယ်။

ဧပြီ၁ ရက်နေ့က နိုဗိုတယ် ဟိုတယ်မှာ ကျော်မင်းဦးနဲ့ သူရဲ့ မိဘတွေကို ခေါ်ယူတွေဆုံပြီး တိုက်တွန်းပြောဆိုလိုက်ခဲ့ပါတယ်။ ကျော်မင်းဦး ရဲ့ ဒူးဆေးစာကို ဂျပန်ကို ပို့ဆောင်စစ်ဆေးရာ အခြေအနေကောင်းတယ်လို့သိရပါတယ်။ ကျော်မင်းဦးကို ဆေးကုသမှုမခံယူမှီ နဲ့ ခံယူနေစဉ်အတွင်း ဆေးကုသမှုစရိတ်တွေနဲ့ တစ်လ လစာ ၁၀ သိန်းကိုထောက်ပံပေးသွားမယ်လို့သိရပါတယ်။

ဒဏ်ရာပြန်လည်ကောင်းမွန်လာပါက သူကစားလိုတဲ့ မည့်သည့်အသင်းနဲ့အဆို ပရိုစာချုပ်ချုပ် ကစားခွင့်ရရှိသွားမည်ဖြစ်ပါတယ်။ ဦးဇော်ဇော်ဟာ ဒဏ်ရာပျောက်ကင်းပြီး လက်ရွေးစင်းမှာ ပါဝင်ကစားနေတဲ့ ငြိမ်းချမ်းအောင်ကိုလည်း ဆေးကုသစရိတ်စိုက်ထုတ်ပေးခဲ့ပြီး သိန်း ၂၅၀၀ ကျော်ကုန်ကျခဲ့တယ်လို့သိရပါတယ်။


02 Apr 2019     1,547 Views




RELATED

Most Popular of Football

Most Popular of Sport