BEC-TERO TV

သင်ဇာဝင့်ကျော်ရဲ့အလှနဲ့ မြူးကြွတဲ့သံစဉ်တို့ပေါင်းစပ်ထားတဲ့ ဟဲလေးရဲ့ စမူဆာ

02 Apr 2019     2,014 Views


အဆိုတော် ဟဲလေးကတော့ ဂီတလောကထဲမှာ အောင်မြင်မှုတွေကို ရရှိထားခဲ့တာနှစ်များစွာကြာပြီဖြစ်ပါတယ်။ ကြင်ယာဖက်သီချင်းလေးနဲ့စတင်ကာ ပရိသတ်ရဲ့ဝက်ဝက်ကွဲအားပေးမှုတွေကိုရရှိခဲ့တဲ့ ဟဲလေးကတော့ သီချင်းပေါင်းများစွာကိုဖန်တီးကာ ပရိသတ်ရင်ထဲကိုအရောက်ပို့ပေးခဲ့သူလဲဖြစ်ပါတယ်။ အသံချိုချိုအေးအေးလေးနဲ့ သူသီဆိုထားတဲ့ သီချင်းများစွာကပရိသတ်အကြိုက်တွေ့ခဲ့ရပြီး ယနေ့ထိတိုင်သီချင်းတွေကို ဆက်လက်ဖန်တီးရင်း အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း သီချင်းသစ်တွေကိုအမြဲထွက်ရှိနေတဲ့ ဟဲလေးကတော့ ၂၀၁၉ ခုနှစ်အတွက် သီချင်းသစ်လေးတစ်ပုဒ်ကို ဒီကနေ့မှာထွက်ရှိလာပါပြီ။ မြူးကြွတဲ့ဂီတသံစဉ်တွေနဲ့ သင်္ကြန်မှာကဲလို့ကောင်းမယ့် သီချင်းလေးဖြစ်ပြီး စမူဆာလို့အမည်ပေးထားတဲ့ ထိုသီချင်းလေးကတော့ မထွက်ရှိခင်ကတည်းက ပရိသတ်တွေကြားရေပန်းစားနေတာပါ။ အကြောင်းကတော့ ဒီသီချင်းလေးထဲမှာ ပရိသတ်အချစ်တော်မင်းသမီးလေး သင်ဇာဝင့်ကျော်ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားသောကြောင့်ပင် ဖြစ်ပါတယ်။

ယခုနောက်ပိုင်း သီချင်းဗီဒီယိုတွေကို အမိုက်စားဖန်တီးလာတဲ့ ဟဲလေးက မနှစ်ကလဲ မှည့်ဆိုတဲ့သီချင်းထွက်ရှိခဲ့ပြီး ထိုသီချင်းထဲမှာရွှေအိမ်စည်က အမိုက်စားသရုပ်ဆောင်ပြသွားတာဖြစ်ပါတယ်။ ယခုတစ်ခါလဲ သင်ဇာဝင့်ကျော်ရဲ့ အလှအပတွေကို မြူးကြွတဲ့သီချင်းနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ သီချင်းလေးက ပရိသတ်တွေကြားအတော့်ကို ဆွဲဆောင်မှုရှိနေတာပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ Sexy ကျမှုတွေကို အတိုင်းသားမြင်တွေ့ရမယ့် စမူဆာသီချင်းလေးကတော့ ပရိသတ်တွေကြား ရေပန်းစားလာဦးမယ့် သီချင်းလေးလဲဖြစ်ပါတယ်။

မနှစ်က “မှည့်” ပြီးတော့ ဒီနှစ်မှာ “စမူဆာ” နဲ့မိတ်ဆက်ပေးလိုက်တဲ့ ဟဲလေးရဲ့သီချင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

 

(ပိုပိုလေး)


02 Apr 2019     2,014 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment