BEC-TERO TV

ခြေထောက်ခွင်ခြင်းအကြောင်းသိကောင်းစရာများ

21 Aug 2015     2,087 Views


ကလေးငယ်တွေဟာ မွေးဖွားခါစမှာသူတို့ရဲ့ခြေထောက်ဟာ သာမန်မဟုတ်ဘဲ သူများနဲ့မတူတဲ့ပုံတွေဖြစ်နေတက်ပါတယ် ။သူတို့ခြေထောက်တွေဟာ အရိုးတွေကြွက်သားဆက်ထားတဲ့တီရှူးတွေသာမန်မဟုတ်ပဲ ပိုပြီးတိုတက်တာမျိုးတွေရတက်ပါတယ်။သူတို့ရဲ့ခြေဖျားလေးတွေဟာ ကောက်ပြီးတော့ အထဲကိုဝင်နေတက်ပါတယ်။ခြေထောက်ရဲ့ကြွက်သွားတွေဟာလဲ ဖွံ့ဖြိုးမှုအားနည်းပါတယ်တစ်ခါတစ်လေလုံးဝမဖွံ့ဖြိုးတာတွေဖြစ်နိုင်ပါတယ်။
 
ခွင်နေတဲ့ခြေထောက်ဟာ ကျန်တဖက်ထက်ပိုပြီးတိုနေတက်ပါတယ် သူ့မှာနာကျင်တာမျိုးတွေအခြားခံစားမှုတွေတော့မရှိနိုင်ပါဘူး ။ဖြစ်နိုင်ခြေရှိတာက မွေးဖွားချိန်မှာ ကျောရိုးဟာ ပုံမှန်မဟုတ်ပဲ မွေးဖွားလာတယ် ၊သန္ဓေသားလောင်းဘဝမှာ တီရှူးတွေဟာ ဖွံဖြိုးမှုဟာ ပုံမှန်မဟုတ်ဘူး တစ်ခါတလေမှာ ကိုယ်ဝန်ဆောင်ဟာ ဆေးလိပ်သောက်တယ်အရက်သောက်တယ်မိသားစုထဲမှာမျိုးရိုးရှိတဲ့လူတွေမှာ လဲ ခြေထောက်ခွင်တဲ့ကလေးငယ်တွေကိုတွေ့ရပါတယ်။
 
ပိုပြီးဆိုးရွားစေတဲ့အကြောင်းအရာတွေကတော့ ယောက်ကျင်္ားလေးတွေမှာ အဖြစ်များပါတယ် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ရေမွှာလုံးလောက်စွာမရတဲ့အချိန်တွေမှာဖြစ်တက်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ရောဂါပိုးကူးစပ်ခံရတဲ့အချိန်မှာလဲ ဖြစ်တက်ပါတယ်။ခြေထောက်ခွင်တာကိုကုသထားရင်သာမန်ကလေးတွေလိုပဲလမ်းလျှောက်နိုင်ပါတယ်။
 
ဒါပေမဲ့ကလေးဟာ လှုပ်ရှားမှုနှေးကွေးမယ် ဖိနပ်အရွယ်သတိထားရပါမယ် ခွင်နေတဲ့ခြေထောင်ရဲ့ဖိနပ်အရွယ်က သူများနဲ့မတူတဲ့ဖိနပ်အရွယ်မျိုးပြုလုပ်ပေးရပါမယ်။အဆစ်ရောင်ရောဂါရလာတက်ပါတယ် အရွယ်ရောက်တဲ့အချိန်မှာ မိမိကိုယ်မိမိ သိမ်ငယ်မှုတွေဖြစ်လာနိုင်ပါတယ်။သာမာန်လိုလမ်းမလျှောက်နိုင်ဘူး ကြွက်သားတွေရဲ့ဖွံ့ဖြိုးမှုနှေးကွေးတာတွေလဲဖြစ်လာနိုင်ပါတယ်။ ကုသမှုအနေနဲ့ ပထမဆုံးဆေးဝါးတွေနဲ့ကုသလို့ရပါတယ် ၊မွေးကာစကလေးဟာ အရိုးအဆစ်တွေဟာ ပြုပြင်လို့ပိုကောင်းပါတယ် ဆွဲပြီး ပုံပြင်ကုသနည်းတွေလဲရှိပါတယ်။ကလေး ရဲ့မကောင်းတဲ့ခြေထောက်ကို ပုံမှန်နေရာရောက်အောင်စည်းပေးထားမယ် ၊နေရာမှန်အောင်ပြုလုပ်ပေးလို့ရပါတယ်။
 
ကလေးငယ်ကို အထူးပြုလုပ်ထားတဲ့ဖိနပ်တွေဝတ်ပေးရမယ် ဆရာဝန်တွေသက်မှတ်ထားတဲ့အချိန်တစ်ခုအထိပြုလုပ်ပေးရပါမယ်။ခြေထောက်ကို ပုံမှန်အနေအထားအတိုင်းရောက်အောင်ထားမယ် ကော်ပါတဲ့တိပ်နဲ့ကပ်ထားမယ် ၊ကလေးရဲ့အိပ်ချိန်မှာခြေထောက်ကို စက်ရဲ့အကူအညီနဲ့ လှုပ်ရှားပေးခြင်းတွေကို လမ်းကောင်းကောင်းလျှောက်နိုင်တဲ့အထိပြုလုပ်ပေးရပါမယ်။
 
တစ်ချို့ကိစ္စတွေမှာ ခွဲစိပ်ကူသမှုပြုလုပ်သင့်ပါတယ်။ အရိုးအထူးကု ဆရာဝန်တွေက အရွတ်တွေအကြော တွေကိုဆွဲဆန့်ပြီးတော့ခြေထောက်ကို ပုံမှန်အနေအထားဖြစ်အောင်ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ခွဲစိပ်ပြီး ကလေးဟာ ၂လလောက်အနားယူရပါမယ်။ ကုသထားတဲ့ကလေးငယ်တွေမှာ ပုံမှန်အတိုင်းသွားလာနိုင်တာကို လဲ တွေ့ရပါတယ်။
 
ကာကွယ်မှုတွေကတော့ ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာကလေးရဲ့ခြေထောက်ခွင်ခြင်းကို မဖြစ်အောင်ကာကွယ်ရပါမယ် ဆရာဝန်တားမြစ်ထားတဲ့ဆေးတွေ ကိုယ်ဝန်ဆောင်ချိန်အတွင်းမသောက်သုံးမိဖို့လဲအရေးကြီးပါတယ်။ ခြေထောက်ခွင်ခြင်းအကြောင်းကို သိရှိမယ် ၊ဘယ်လိုကုသလို့ရမယ်ဆိုတာ သိရှိမယ်၊ မဖြစ်အောင်ဘယ်လို ကာကွယ်လို့ရမယ်ဆိုတာ သိရှိမယ် ဆိုရင်ဒီရောဂါဟာ တဖြည်းဖြည်းကင်းဝေးမှာဖြစ်ပါတယ်။

21 Aug 2015     2,087 Views




RELATED

Most Popular of Health Fix

Most Popular of Life Style