BEC-TERO TV

April Fool အကြီးစားလုပ်မိလို့ တောင်းပန်လိုက်ရတဲ့ဂျက်စတင်ဘီဘာ

03 Apr 2019     1,270 Views


ကနေဒီယန်ပေါ့ပ်စတား ဂျက်စတင်ဘီဘာဟာ ပြီးခဲ့တဲ့ ဧပြီတစ်ရက်နေ့မှာ အာထရာဆောင်း ဓာတ်မှန်တစ်ခုကို တင်ခဲ့ပါတယ်။ အဆိုပါဓာတ်မှန်ထဲမှာ ကလေးလေးတစ်ယောက်ခွေခွေလေးလဲနေတာဖြစ်ပြီး လူအများက ဂျက်စတင်တို့တော့ အဖေဖြစ်ပြီလို့ မှတ်ယူခဲ့ကြပါတယ်။ လူတွေအကုန်မေ့နေကြတာတေ့ ဂျက်စတင်ပုံတင်တဲ့နေ့က April Fool day ဆိုတာကိုပါပဲ။

ဂျက်စတင်ကတော့ ခပ်တည်တည်နဲ့ ဧပြီ ၂ရက်နေ့ထိတောင် ဆက်လက်စနောက်နေတုန်းပါ။ ဇနီးသည် ဟေးလီဘော်ဝင်းကို ဆေးခန်းသွားပြတဲ့ ပုံတွေ အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။ လူတွေကတော့ ဟေးလီအမှန်တကယ်ကိုယ်ဝန်ရှိနေပြီလို့ ယူဆခဲ့ကြပါတယ်။

သိပ်မကြာတဲ့အချိန်မှာပဲ ဂျေဘီက “နေကြပါဦးဒါဟာ April Fool” ပါဆိုပြီး အာထရာဆောင်းဓာတ်ပုံကို ခွေးပုံနဲ့ ထည့်ပြီး ဟာသ သဖွယ်စနောက်နေခဲ့ပါတယ်။

ဂျေဘီဒီလို စနောက်ပြီး သိပ်မကြာခင်မှာပဲ Fox News သတင်းမီဒီယာက “ဂျက်စတင်တို့ကတော့ ကိုယ်ဝန်ရှိသတင်းအမှားနဲ့ ဆိုရှယ်မီဒီယာကိုဖုန်းလွှမ်းနိုင်လိုက်တာပဲ” ဆိုပြီးတင်လာခဲ့ပါတယ်။ သတင်းမှာပါဝင် တဲ့အကြောင်းအရာတွေကတော့ ဂျက်စတင်က ဇနီးသည်တကယ်ကိုယ်ဝန်မရှိပဲနဲ့ ရှိတယ်လို့ တင်ခဲ့တာ ဒါဟာ ကိုယ်ဝန်မရနိုင်တဲ့ ဇနီးမောင်နှံတွေကို စော်ကားလိုက်တာနဲ့တူတူပဲဆိုပြီးတင်ခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ဂျေဘီက ပြန်လည်တောင်းပန်ခဲ့ရပါတယ်။ “April Fool မှကျွန်တော်က ဒီလိုအမြဲစနောက်နေကျပါ အခုတော့ ကလေးမရနိုင်တဲ့ဇနီးမောင်နှံတွေအတွက် စိတ်မကောင်းပါဘူး၊ ကျွန်တော်တကယ်တောင်းပန်ပါတယ် ဆယ်ကျော်သက်အရွယ်မှာဆိုရင် အမေကို ကျွန်မ ကိုယ်ဝန်ရှိနေပြီလို့ စနောက်ရတာဟာ တကယ်ကို ပျော်စရာကောင်းတဲ့အလုပ်ဖြစ်ခဲ့တယ်မဟုတ်ပါလား? ကျွန်တော်လဲ အဲ့သဘောပါပဲ။ ကျွန်တော့်ရဲ့ April Fool ကြောင့် ကျွန်တော်တစ်စုံတစ်ရာ ထိခိုက်နာကျင်သွားတယ်ဆိုရင် ကျွန်တော်ကပဲတောင်းပန်ပါတယ်။ ကျွန်တော်က တခြားသူတွေက ခံစားချက်ကို နားမလည်ပဲစနောက်မိလိုက်တာပါ။ တောင်းပန်ပါတယ်” ဆိုပြီးပြောကြားလာပါတယ်။

ဟောလိဝုဒ်မှာ နာမည်ကြီးတစ်ယောက်ဟာကိုယ့်အပြစ်မပါပဲ မီဒီယာရဲ့ရေးသားမှုကြောင့် လိုက်လံဖြေရှင်း နေရတာလဲအလုပ်တစ်ခုပါပဲ။ အခုလဲ ဘာမဟုတ်တဲ့ သတင်းထောက်ရေးလိုက်တဲ့စာကြောင့် ဂျက်စတင်တို့ ပရိတ်သတ်ကိုတောင်းပန်လိုက်ရပါတယ်။

(ပိုပိုလေး)


03 Apr 2019     1,270 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS