ဇာတ်လမ်းတွဲသစ်အတွက် လေ့ကျင့်ရေးဆင်းနေရပြီလို့ဆိုလာတဲ့ ကင်မ်ဆိုဟွန်း
03 Apr 2019 1,520 Views

သရုပ်ဆောင် ကင်မ်ဆိုဟွန်းဟာကလေး ဘဝကတည်းက သရုပ်ဆောင်လုပ်လာတာဖြစ်ပြီး အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးပေမဲ့ ဝါရင့် သရုပ်ဆောင်တစ်ယောက်လို့ပြောရင်လဲမမှားပါဘူး။ ဆိုဟွန်းကို ကလေးဘဝရဲ့ ဒရာမာကွင်းလို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။
ကင်မ်ဆိုဟွန်းခေါင်းဆောင်မင်းသမီးအနေနဲ့ပါဝင်တဲ့ ဇာတ်ကားတိုင်းမပေါက်တဲ့ကားဆိုတာ မရှိသလောက်ပါပဲ။ အခုလဲ ဆိုဟွန်းကို KBS ကထုတ်လွှင့်ပြသမယ့် ရိုမန်တစ် သမိုင်းဝင်ဇာတ်ကားမှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရတာဖြစ်ပါတယ်။ ဇာတ်လမ်းနာမည်ကတော့ Nok Du Jeon ဖြစ်ပြီး Jeon Nok Du အမည်ရှိတဲ့ လူတစ်ယောက်အကြောင်းကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။ Jeon Nok Du အမည်ရှိတဲ့လူတစ်ယောက်ဟာ မုဆိုးမတွေချည်းပဲသီးသန့်စုနေတဲ့ ရွာတစ်ရွာကို ဝင်ရောက်နိုင်ဖို့ မိန်းမဟန်ဆောင်ခဲ့ရာက ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။
ကင်မ်ဆိုဟွန်းကတော့ဒီကားမှာ ထိုခေတ်အခါက အဆို၊အကနေရာမှာ တစ်ဖတ်ကမ်းခတ်ကျွမ်းကျင်လှတဲ့ မိန်းကလေး Dong Dong Joo အဖြစ်ပါဝင်သရုပ်ဆောင်ရမှာပါ။
Dong Joo ကာရိုက်တာနဲ့ မိန်းကလေး ဟန်ဆောင်ထားတဲ့ Jeon Nok Du တို့တွေ့ဆုံပြီး ဘာတွေဆက်ဖြစ်မလဲ၊ Jeon Nok Du က ယောင်္ကျားတစ်ယောက်ဆိုတာ Dong Joo အနေနဲ့ ဘယ်လိုသိသွားမလဲ ဆိုတာစောင့်မျှော်ကြည့်ရှုရမှာပါ။ လတ်တလောမှာတော့ ကင်မ်ဆိုဟွန်းဟာ ဒီဇာတ်လမ်းတွဲမှာပါဝင်တဲ့ Dong Joo ကာရိုက်တာအတွက်အဆိုနဲ့ အကကို လေ့ကျင့်ရေး ထရိန်နင်ဆင်းနေရတာပါတယ်။
ဆိုဟွန်းဟာ School 2015 , Let’s fight ghost, Ruler of the Mask, Radio Romance ဇာတ်လမ်းတွဲတွေနဲ့ ပရိတ်သတ်ရင်ထဲ တစ်ထောင့်တစ်နေရာမှာနေရာယူပြီးသားပါ။ ယခု လက်ရှိရိုက်ကူးတော့မယ့် Jeon Nok Du ဇာတ်လမ်းတွဲကလဲ နာမည်ကြီးပြီးသား ရုပ်ပြကာတွန်းကို ပြန်လည်ရိုက်ကူးမှာဖြစ်တဲ့အတွက်စိတ်ဝင်စားစရာပါပဲ။ အတူစောင့်မျှော်ကြည့်ရှုလိုက်ကြရအောင် ပရိတ်သတ်ကြီးရေ။
(ပိုပိုလေး)