BEC-TERO TV

မိကျောင်းတစ်ကောင်နဲ့ အတူတူနေတဲ့ ၃ နှစ်သမီးလေး (ရုပ်သံ)

03 Apr 2019     2,457 Views


အင်ဒိုနီးရှားနိုင်ငံက အသက် ၃ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ တိရိစ္ဆာန်တွေကို ချစ်ခင်ကြင်နာတတ်တဲ့သူဖြစ်ပြီး အရွယ်နဲ့မလိုက်အောင် မိကျောင်းပေါက် တစ်ကောင်ကို မကြောတဲ့အပြင် အတူတူစား၊ အတူတူအိပ်ပါတယ်။ 
 
 
ရေချိုးခန်းထဲမှာ မိကျောင်းကို ရေချိုးပေးရင်း ကိုယ်တိုင် သွားတိုက်ပေးနေတဲ့ ရုပ်သံ ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုမိသူတိုင်းကို ကျောချမ်းစေပါတယ်။
 
ကလေးရဲ့ ဖခင်ဖြစ်သူဟာ လွန်ခဲ့တဲ့ ၈ လခန့်က စျေးမှာ ဒဏ်ရာတွေ ရထားတဲ့ ၈၀ စင်တီမီတာလောက်ရှိတဲ့ မိကျောင်းပေါက်လေး တစ်ကောင် ရောင်းနေတာကို တွေ့ခဲ့ပါတယ်။ မိကျောင်းလေးကို သနားတာနဲ့ ၂၉ ဒေါ်လာ(ကျပ် လေးသောင်းကျော်)နဲ့ ဝယ်လာခဲ့ပါတယ်။
 
 
အဲဒီအချိန်မှာ သူ့ရဲ့သမီးလေးက ၂ နှစ်သာသာအရွယ်ပဲ ရှိပါသေးတယ်။ မိးကျောင်းလေးနဲ့ သမီးငယ်ကို ရင်းနှီးအောင် ထားခဲ့တာကြောင့် အခုဆိုရင် သမီးလေးက မိကျောင်းကို မကြောက်တော့ပဲ သူ့ရဲ့ ကစားဖော် အိမ်မွေးတိရိစ္ဆာန်ထက်ပိုတဲ့ သံယောဇဉ်နဲ့ ရင်းရင်းနှီးနှီးရှိနေတာ ဖြစ်တယ်လို့ ဖခင်ဖြစ်သူ Syahrul Effendi က ဆိုပါတယ်။
 
 
 
သမီးလေးက ညအိပ်ယာဝင်ရင်တောင် မိကျောင်းကို ဖက်အိပ်ရမှ အိပ်ပျော်တယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူကတော့ သူတို့နှစ်ဦးကို မျက်စိအောက်က အပျောက်မခံပဲ စောင့်ရှောက်လျှက်ရှိပါတယ်။သမီးလေးက ညအိပ်ယာဝင်ရင်တောင် မိကျောင်းကို ဖက်အိပ်ရမှ အိပ်ပျော်တယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူကတော့ သူတို့နှစ်ဦးကို မျက်စိအောက်က အပျောက်မခံပဲ စောင့်ရှောက်လျှက်ရှိပါတယ်။
 

03 Apr 2019     2,457 Views




RELATED

Most Popular of Special or Others

Most Popular of NEWS