BEC-TERO TV

သိပ်ချစ်တတ်တဲ့ ချစ်သူရဲ့အကြောင်းကို တစ်လောကလုံးသိအောင် ကြွားလုံးထုတ်လိုက်တဲ့ မေဦး

03 Apr 2019     1,279 Views


အနုပညာရှင်တွေကြားထဲသာမက ပရိသတ်တွေကြားထဲမှာပါ ထင်ရှားကျော်ကြားတဲ့ Make-up Artist တစ်ယောက်ဖြစ်တဲ့ မေဦးကတော့ အများရဲ့အားပေးချစ်ခင်မှုတွေကိုရရှိထားသူပဲဖြစ်ပါတယ်။ သူ့ရဲ့သဘာဝကျလွန်းလှတဲ့ မိတ်ကပ်ပြင်ဆင်ချယ်သပေးမှုတို့ကြောင့် အနုပညာရှင်တော်တော်များများရဲ့ လက်စွဲတော်မိတ်ကပ်ဆရာတစ်ယောက်ဖြစ်လာတဲ့အပြင် ပရိသတ်တွေကပါ မေဦးရဲ့မိတ်ကပ်လက်ရာအစွမ်းကို သဘောကျနှစ်ခြိုက်ကြတာပဲဖြစ်ပါတယ်။

အားလုံးသိထားကြတဲ့အတိုင်း LGBT တစ်ယောက်ဖြစ်တဲ့ မေဦးကတော့ ချစ်တတ်လွန်းတဲ့ချစ်သူကို ရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ချစ်သူဖြစ်သူဟန်လင်းက မေဦးကိုအရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တတ်လွန်းသူဖြစ်ပြီး (၂) နှစ်ကျော် Relationship ရှိတဲ့ မေဦးနဲ့ဟန်လင်းတို့အတွဲလေးကို ပရိသတ်တွေက သဘောတူကြည်ဖြူရသလို အချို့ကလည်း ချစ်တတ်လွန်းတဲ့သူတို့အတွဲလေးကိုကြည့်ပြီး အားကျနေရတာလဲဖြစ်ပါတယ်။

မိဘဆွေမျိုးအသိုင်းထဲကသာမက တိုင်းသိပြည်သိ လူသိရှင်ကြားတွဲနေကြာဖြစ်တဲ့ ရိုနိုင်လွန်းတဲ့ စုံတွဲလေးလဲဖြစ်ပါတယ်။ ယနေ့မှာတော့ မေဦးတစ်ယောက် ချစ်တတ်လွန်းတဲ့ ချစ်သူဖြစ်သူဟန်လင်းရဲ့အကြောင်းကို တစ်လောကလုံးသိအောင် ကြွားလုံးထုတ်လိုက်ပြန်ပါပြီ။

မေဦးက လူမှုကွန်ယက်ပေါ်မှာ “ကိုယ်ဟာ အရမ်းကံကောင်းတဲ့သူပဲလို့ လောကကြီးကို ကြွားလုံးတွေထုပ်ပါရစေ… သူပာာ ကိုယ့်ကိုအချစ်တွေ အများကြီးပေးခဲ့တယ်… ဂရုစိုက်မှုတွေအများကြီးပေးခဲ့တယ်.. နားလည်မူတွေအများကြီးပေးခဲ့တယ်.. အခုလည်း သူအလုပ်တွေလုပ်ရပြီဆိုတော့ ကိုယ့်ကိုသူရတဲ့လုပ်အားခလေးနဲ့ ကိုယ့်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့၊ မေ့မရစေမဲ့ dinner လေးတစ်ခုစီစဉ်ပေးပြီး အမှတ်တရဖြစ်စေခဲ့တယ် ❤ ချစ်တယ် ❤ အရမ်းချစ်တယ်ချစ်သူ ❤” ဆိုပြီးရေးသားကာ ချစ်သူရဲ့ဂရုစိုက်ကြင်နာမှုတွေနဲ့အတူ သိပ်ချစ်တဲ့အကြောင်းကိုလည်း တစ်လောကလုံးသိအောင် ပြောကြားလိုက်တာပဲဖြစ်ပါတယ်။

ကိုယ့်အပေါ်ကို ဂရုစိုက်ပေးပြီး ကြင်နာတတ်တဲ့ချစ်သူမျိုးကို လူတိုင်းလိုချင်ကြသလို ဒီလိုချစ်သူမျိုးကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ မေဦးကတော့ အားကျစရာကောင်းလောက်အောင် ကံကောင်းသူတွေထဲကတစ်ယောက်လို့ဆိုရမှာပဲနော် ပရိသတ်ကြီးရေ…

(ပိုပိုလေး)


03 Apr 2019     1,279 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment