BEC-TERO TV

ကစားသမား ၅ ဦးအထိ အပြောင်းအလဲလုပ်ပြီးနောက် ဂိုးပြတ်အနိုင်နဲ့ မျက်နှာပန်းလှခဲ့တဲ့ ချလ်ဆီး

04 Apr 2019     1,321 Views


ယနေ့မနက်က ချလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို ၃ ဂိုးပြတ် အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် အတွက် မန်ယူ ၊ အာဆင်နယ် ၊ စပါး အသင်းတို့ကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။ နည်းပြဆာရီဟာ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ ကစားသမားအချို့အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ပြီးပြည့်စုံနဲ့ နိုင်ပွဲတစ်ပွဲကို ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။

 တောင်ပံတိုက်စစ်မှာ အိုဒွိုင်းနဲ့ ၊ အထောင်တိုက်စစ်မှာ ဂီရော့ဂ် ၊ ကွင်းလယ်ပိုင်းမှာ လော့တပ်ချီ နဲ့နောက်တန်းမှာ အလွန်ဆိုအစား အီဒါဆင် နဲ့ ရူဒီဂါ နေရာမှာ ခရစ်တန်ဆန် တို့ပါဝင်လာခဲ့ပြီး ကစားသမား ၅ ဦးအထိ အပြောင်းအလဲလုပ်ခဲ့တာဖြစ်ပါတယ်။

ချလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို ခြေအသာစီးနဲ့ ကစားထားနိုင်ခဲ့ပြီး ၃၈ မိနစ်မှာ ဂီရော့ဂ်က အိုဒွိုင်းရဲ့ ပေးပို့မှုမှတဆင့် ဦးဆောင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။နောက် ဒုတိယပိုင်းမှာ ပွဲချိန်တွေမှာ အီဒင် ဟာဇတ်နဲ့ လော့တပ်ချီ တို့က အသီးသီးသွင်းယူခဲ့ပြီး ၃-၀ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါနိုင်ပွဲကြောင့် ချလ်ဆီးအသင်းဟာ အဆင့် ၅ နေရာသို့တက်လှမ်းနိုင်ခဲ့ပါတယ်။ နည်းပြဆာရီလည်း ဝေဖန်မှုတစ်ချို့ တိတ်ဆိတ်သွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်လက်ကျန်ပွဲစဉ်တွေမှာ အနိုင်ရလဒ်တစ်ခုရဖို့ ဆက်လက်လုပ်ပြနိုင်မလားဆိုတာစောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်။ နောက်တစ်ပါတ်မှာ ချလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ဝက်စ်ဟမ်းအသင်းကို လက်ခံ ကစားသွားရမှာပဲဖြစ်ပါတယ်။

 


04 Apr 2019     1,321 Views




RELATED

Most Popular of Football

Most Popular of Sport