BEC-TERO TV

အကြားအာရုံဆုံးရှုံးခြင်းရောဂါအကြောင်းသိကောင်းစရာများ

21 Aug 2015     1,391 Views


အကြားအာရုံဆုံးရှုံးတယ်ဆိုတာက အသက်အရွယ်မရွေးမှာ ဖြစ်တက်ပါတယ်။များသောအားဖြင့် အသက် ၆၀ ကျော်လူတေါမှာ ပိုပြီးတော့ ဖြစ်တက်ပါတယ်။အကြားအာရုံဆုံးရှုံးတာ ဟာမျိုးရိုးဗီဇ နဲ့ဆိုင်တဲ့ရောဂါလဲ ဖြစ်ပါတယ်။တစ်ခါတစ်ရံ မျိုးရိုးလိုက်တက်ပါတယ်။ နားသန့်ရှင်းရေးမပြုလုပ်လို့ နားဖာချီးတွေပိတ်ဆိုကနေတယ်ဆိုရင်လဲပြင်ပ အသံတေါကို ကြားဖို့အတွက် အားနည်းနေတက်ပါတယ်။မတော်တဆထိခိုက်မှုကြောင့် နားစည်တွေဟာချို့ယွင်းသွားမယ်၊ပျက်စီးသွားမယ် ဆိုရင်လဲ အကြားအာရုံဟာချို့ယွင်းနိုင်ပါတယ်။
 
ချို့ယွင်းပြီဆိုရင်တွေ့ရှိရမဲ့လက္ခဏာတွေကတော့ အကြားအာရုံချို့ယွင်းတဲ့သူတစ်ယောက်ဟာ သူပြောတဲ့စကားတွေဟာ အခြားလူတွေထက်ပိုမိုကျယ်လောင်နေတက်ပါတယ် ၊ဆူညံသံတွေကြားထဲမှာလဲ လှမ်းပြောတဲ့စကားသံတွေကိုမကြားရပါဘူး ဒီလိုမျိုးအနေအထားတွေတွေ့ရပြီဆိုရင် မိမိကိုယ်ကိုသတိထားမိတာဖြစ်ဖြစ် ၊ ပတ်ဝန်းကျင်ကသတိထားမိတာဖြစ်ဖြစ် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ 
 
ဒီလိုအကြားအာရုံချို့ယွင်းတာဟာ အတွင်းနားထဲမှာပျက်စီးနေတာကြောင့်လဲဖြစ်နိုင်ပါတယ်။နားထဲမှာပုံမှန်မဟုတ်တဲ့ အလုံးအကျိတ်တွေရှိနေတဲ့အခါမျိုးမှာလဲ နားဟာပိတ်ဆို့ပြီးအာ့ားအာရုံချို့ယွင်းတာတွေဖြစ်တက်ပါတယ်။ပိုပြီးဖြစ်စေတဲ့အကြောင်းအရာတွေရှိပါတယ် မျိုးရိုးဗီဇ လိုက်တာတွေ ၊ အသက်အရွယ်ကြီးလာတာကြောင့် ၊ဆူညံတဲ့ပတ်ဝန်းကျင် ဆူညံတဲ့အလုပ်ရုံတွေ မှာအလုပ်လုပ်ရတဲ့သူတွေအတွက်လဲ ဒီရောဂါဖြစ်ဖို့ပိုပြီးအားပေးပါတယ် ။
 
တစ်ချို့လူတွေမှာ သီချင်းတွေကို ကျယ်ကျယ်လောင်လောင်နားထောင်တဲ့အကျင့် ရှိတယ် musicပြင်းပြင်းတွေကို ကြိုက်တက်တဲ့သူမျိုးတွေမှာဆိုရင်လဲ ဒီရောဂါလက္ခဏာရှိတက်ပါတယ်။ဆေးဝါးတွေသောက်သုံးတာများလွန်းလို့ ဆေးရဲ့ effect ဓာတ်တွေကိုခံရပြီးတော့ အကြားအာရုံချို့ယွင်းသွားတာမျိုးလဲ ရှိတက်ပါတယ်။ပြောတာကို မကြားတဲ့အတွက်ကြောင့် သူများရဲ့အထင်အမြင်လွဲမှားမှုကိုခံရမှာကို လဲ စိုးရိမ်နေတက်ပါတယ်။လူအများနဲ့ပြောဆို ဆက်ဆံရမှာကို လဲ ကြောက်လာတက်ပါတယ် ။စိုးရိမ်ကြောင့်ကြမှုတွေပိုပြီးများလာတက်ပါတယ်။
 
ရောဂါရှိတာကို သိပြီဆိုရင်တော့ နားနှာခေါင်းလည်ချောင်းဆရာဝန်ကြီးတွေနဲ့ပြသပြီး ရောဂါရှာဖွေစမ်းသပ်သင့်ပါတယ်။ရောဂါရှာဖွေတဲ့နေရာမှာ နားကို ရိုးရိုးတန်းတန်းစမ်းသပ်တာမျိုးတွေလဲပြုလုပ်ပေးရပါတယ်။ အသံစမ်းတဲ့ ခရင်းခွလေးနဲ့ နားရဲ့အကြားအာရုံကို စမ်းသပ်ပေးရတာမျိုးလဲ ရှိပါတယ်။အသံတိုင်းတာ စက်နဲ့ အကြားအာရူံကို စမ်းသပ်ပေးတာမျိုးဖြစ်ပါတယ်။ကုသမှုခံယူတဲ့နေရာမှာလဲ နာဖာချီးတွေပိတ်ဆို့လို့ ဖြစ်တယ်ဆိုရင် နာဖာချေးတွေကို ဖယ်ထုတ်လိုက်ရုံနဲ့ အဆင်ပြေပါတယ်။ နာစည်ကို ထိခိုက်လို့ ဖြစ်တာမျိုးဆိုရင် နားကြားကိရိယာလေးတွေကို တပ်ဆင်ပေးထားရပါမယ်။
 
နောက်တစ်မျိုးက နားအလွန်အမင်းထိုင်းတဲ့လူတွေမှာ တပ်ဆင်တဲ့နားကြားကိရိယာကို လဲ တပ်ဆင်လို့ရပါတယ်။ကာကွယ်မှုအနေနဲ့ ဆူညံတဲ့ပတ်ဝန်းကျင်မှာနေရပြီဆိုရင် အကြားအာရုံဟာ ပိုမို ချို့ယွင်းလာတက်ပါတယ် နေမယ်ဆိုရင်လဲ နားကို မထိခိုက်အောင်ထိန်းသိမ်းထားရပါမယ် ။သီးချင်းသံကို ကျယ်ကျယ်လောင်လောင်နားထောင်ခြင်းမျိုးလဲ မပြုလုပ်ရပါဘူး ၊ဆူညံတဲ့အလုပ်ရုံတွေမှာ လုပနေတဲ့အလုပ်သမားတွေ ဆိုရင်လဲ မိမိတို့ရဲ့နားကို ကရုစိုက်ပြီး ဆူညံတဲ့အသံတွေကိုကာကွယ်ထာသင့်ပါတယ်။ထိုသို့ပြုလုပ်ပေးခြင်းဖြင့် အကြားအာရုံချို့ယွင်းခြင်းကို ကာကွယ်နိုင်ပါတယ်။

21 Aug 2015     1,391 Views




RELATED

Most Popular of Health Fix

Most Popular of Life Style