BEC-TERO TV

စနူကာချံပီယံဟောင်း အံ့အားသင့်စေခဲ့တဲ့ ဂျက်ကီးချန်းရဲ့ ကျင်းစိမ်ထိုးချက် (ရုပ်သံ)

04 Apr 2019     1,730 Views


ကမ္ဘာကျော် ဟာသအက်ရှင် ရုပ်ရှင်မင်းသားကြီး ဂျက်ကီချန်း ရဲ့ စနူကာ ထိုးကွက်ဟာ လှပသပ်ရပ်လွန်းလို့ ကမ္ဘာ့စနူကာချံပီယံဟောင်း Ken Doherty ကတောင် အံ့အားသင့်ပြီး ချီးမွမ်းခဲ့ရပါတယ်။
 
သူတို့နှစ်ဦး ဟောင်ကောင်မှာ အပျော်သဘော စနူကာထိုးကြပြီး Ken က ဂျက်ကီချန်း ကို စနူကာထိုးနည်း လျှို့ဝှက်ချက် အနည်းငယ် သင်ကြားပေးခဲ့ပါတယ်။ အဲဒီနောက် ဂျက်ကီချန်းက သူသင်ပြပေးတဲ့ အကွက်အတိုင်း ဘောလုံးကို နောက်ပြန်ကျင်းဝင်အောင် လှလှပပ နဲ့ ကျင်းထဲဝင်အောင် တစ်ချက်ထဲ ထိုးပြခဲ့တဲ့အတွက် Ken ကိုယ်တိုင် ချီးမွမ်းခဲ့ပါတယ်။
 
အဆိုပါရုပ်သံကို Ken က သူ့ရဲ့ လူမှုကွန်ယက်မှာ တင်ခဲ့ပြီး ကြည့်ရှုသူ ချီးကျူးစကားပြောဆိုသူတွေ များပြားခဲ့ပါတယ်။
 
 
Ken က ဂျက်ကီချန်းကို ညစာစာဖို့ ဖိတ်ကြားခဲ့ပြီး အတူတူ ကာရာအိုကေ သီချင်းဆိုကြပြီးနောက် သူက စနူကာထိုးတဲ့ လှည့်ကွက်အချို့ကို ဂျက်ကီချန်းအား သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။
 

04 Apr 2019     1,730 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS