BEC-TERO TV

2 Piece နဲ့ Sexy ပုံတွေကို ဆွဲဆောင်မှုရှိရှိရိုက်ကူးနေတဲ့ စူးရှထက်ရဲ့ အကြမ်းစားဗီဒီယိုဖိုင်

04 Apr 2019     3,321 Views


မော်ဒယ်စူးရှထက်ဟာဆိုရင် အဆိုတော်အစ္စဏီနဲ့ပတ်သက်ခဲ့မှုကြောင့် ပရိသတ်တွေက စတင်သိရှိခဲ့တာဖြစ်ပေမယ့် ယခုဆိုရင် အနုပညာလောကထဲမှာ လူသိများထင်ရှားကာ နာမည်ရကျော်ကြားနေပြီဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေနဲ့ ဝေးကွာမသွားအောင် ဓာတ်ပုံလေးတွေ၊ ဗီဒီယိုဖိုင်တွေတင်ရင်း ပရိသတ်ရဲ့ချစ်မေတ္တာတွေကို ရယူထားတာပဲဖြစ်ပါတယ်။

မကြာခဏဆိုသလိုလဲ Tik Tok ဗီဒီယိုလေးတွေကို ရိုက်ကူးရင်း ပရိသတ်ကြီးအတွက် အပျင်းပြေမျှဝေတတ်ပါသေးတယ်။ လှပပြီးစွဲဆောင်မှုအပြည့်ရှိတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားသေးတဲ့ စူးရှထက်ကတော့ ယောကျာ်းထုကြီးရဲ့ တစ်ခဲနက်ဝန်းရံအားပေးမှုကို ခံထားရသူလေးလည်းဖြစ်ပါတယ်။ Photo model တစ်ယောက်ဖြစ်တဲ့ စူးရှထက်ကတော့ သူမရဲ့အလှတို့ကို ပေါ်လွင်ထင်ရှားစေတဲ့ အမိုက်စား၊ အလန်းစားပုံတွေကိုလဲ ရိုက်ကူးလေ့ရှိသူတစ်ယောက်ပါ။

ယခုတစ်ခါမှာတော့ စူးရှထက်က 2 Piece လေးနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ Sexy ပုံတွေကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ညှို့ဓာတ်အပြည့်နဲ့ ပို့စ်တွေတစ်မျိုးပြီးတစ်မျိုးပေးရင်း Sexy ကျကျပုံတွေရိုက်ကူးနေမှုကို ဗီဒီယိုရိုက်ကာ သူမရဲ့လှုမှုကွန်ယက်မှာတင်ထားတာဖြစ်ပါတယ်။ အဆီပိုမရှိတဲ့ ခန္ဓာကိုယ်လေးမှာ 2 Piece လေးဝတ်ပြီး ဆွဲဆောင်မှုတွေပြင်းနေတဲ့ စူးရှထက်ရဲ့ သဘာဝအလှတရားတွေကိုတော့ ဗီဒီယိုထဲမှာ ကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်။

အလန်းစား Sexy ပုံတွေထွက်လာဖို့ စူးရှထက်တစ်ယောက် ဘယ်လိုပို့စ်တွေပေးပြီး ရိုက်ကူးနေလဲဆိုတာတွေ့မြင်နိုင်ဖို့ ဗီဒီယိုဖိုင်ကိုပါ မျှဝေပေးလိုက်ပါတယ်။  

 

 

(ပိုပိုလေး)


04 Apr 2019     3,321 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment