BEC-TERO TV

ကချင်ရိုးရာဝတ်စုံကို သရုပ်ပျက်ဝတ်ဆင်ခဲ့မိတဲ့ ကျော်ကျော်နန္ဒရဲ့ ပြန်လည်တောင်းပန်စာ

04 Apr 2019     1,474 Views


ဆက်ပက်သင်္ကြန်ဆိုတဲ့ သင်္ကြန်သီချင်းတစ်ပုဒ်နဲ့ လူသိများကျော်ကြားကာ ဖေ့စ်ဘွတ်ဆယ်လီတစ်ဦးဖြစ်လာသူ ကျော်ကျော်နန္ဒကတော့ သူမတူတဲ့ ဆန်ပြားတဲ့ဖက်ရှင်တွေကို တီထွင်ဝတ်စားမှုကြောင့် ထင်ရှားလာတာပဲဖြစ်ပါတယ်။ ကျော်ကျော်နန္ဒဟာဆိုရင် ဧပြီ ၂ ရက်နေ့ကပြုလုပ်ခဲ့တဲ့ သင်္ကြန်အကြိုဖက်ရှင်ပွဲကို ကချင်ရိုးရာဝတ်စုံကို ဆန်းသစ်တီထွင်ပြီး ၀တ်စားကာ တက်ရောက်ခဲ့ပါတယ်။

ကချင်လူမျိုးတိုင်းတန်ဖိုးထားရတဲ့ ငွေမောင်းပါရိုးရာဝတ်စုံအား ဆန်းသစ်ဝတ်ဆင်ခဲ့မှုက ကချင်တစ်မျိုးသားလုံးကို စော်ကားရာရောက်သလို ရိုးရာဝတ်စုံကိုလည်း ဖျက်ဆီးသည့်သဘောသက်ရောက်ခဲ့သည့်အတွက် ကချင်ဝက်ဘ်ဆိုဒ် စာမျက်နှာတွေကနေ ကျော်ကျော်နန္ဒအား ထိုသို့ဝတ်ဆင်ခဲ့ခြင်းနဲ့ပတ်သက်ပြီး တာဝန်ယူဖြေရှင်းပေးဖို့ သတိပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်။

သတိပေးချက်တွေကြောင့် ကျော်ကျော်နန္ဒကတော့ ကချင်တစ်မျိုးသားလုံးကို ပြန်လည်တောင်းပန်လိုက်ပါပြီ။ ကျော်ကျော်နန္ဒရဲ့ တောင်းပန်ချက်ကိုတော့ Kachin Youth Cutural Association ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျကနေ ပြန်လည်ထုတ်ပြန်ကြေညာခဲ့ပြီး နောက်နောင် ဘယ်အနုပညာရှင်၊ မည်သူတစ်ဦးတစ်ယောက်မှ ကချင်ရိုးရာဝတ်စုံကို ဖန်တီဝတ်ဆင်ခြင်းမျိုးမပြုလုပ်ကြဖို့ပါ သတိပေးချက်အနေနဲ့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ကျော်ကျော်နန္ဒကလည်း သူ့ရဲလှုမှုကွန်ယက်ကနေ ယခုလိုဖြစ်သွားခြင်းအတွက် စံနမူနာအဖြစ် ထပ်ဆင့်တောင်းပန်စာကိုရေးသားခဲ့တာကိုတွေ့ရပါတယ်။ “ကချင်ပြည်နယ်တိုင်းရင်းသား ရိုးရာဝတ်စုံများအပြင် အခြားရိုရာတိုင်းရင်းသားဝတ်စုံများကို ပကတိအတိုင်းသာဝတ်ဆင်ပြီး ချစ်စရာကောင်းသောဓလေ့များကိုသာဖော်ကြုး၍ဝတ်ဆင်ကြပါရန် ကျနော်မှ စံနမူနအဖြစ်တောင်းပန်အပ်သည်။ ယခုကဲ့သို့ ဝတ်ဆင်ခဲ့ချင်းကြောင့် ဆင်တူနေသောလွဲမှာမူ့ အတွက်ထပ်မံတောင်းပန်းပါသည်” ဆိုပြီး ရေးသားခဲ့ပါတယ်။

ကျော်ကျော်နန္ဒတစ်ယောက်ကတော့ ဆိုရှယ်မီဒီယာတွေကနေ အတိအလင်းတောင်းပန်ခဲ့သလို ကချင်စာပေနှင့်ယဉ်ကျေးမှုဗဟိုရုံးရှိရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထိ သွားရောက်တောင်းပန်မယ်လို့လဲ ကြားသိရပါတယ်။

 

(ပိုပိုလေး)


04 Apr 2019     1,474 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment