BEC-TERO TV

လိင်ပိုင်းဆိုင်ရာစော်ကားမှုမှာပါဝင်နေတဲ့ Roy Kim ကို ဖခင်မှသားအဖြစ်ကနေစွန့်လွှတ်

04 Apr 2019     1,361 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီး ရော့ခ်အဆိုတော် Jung Joon Young အမျိုးသမီးတွေကို အလိုမတူပဲ အဓမ္မပြုကျင့်ကာ ဗွီဒီယိုများရိုက်ယူထားပြီး သူငယ်ချင်းတွေနဲ့အတူ Group Chat ထဲမှာပြန်လည်ဝေမျှခဲ့ပါတယ်။ Jung Joon Young ရဲ့ ဗွီဒီယိုထဲမှာပါဝင်တဲ့ နစ်နာသူမိန်းကလေးများဟာ ဒီကိစ္စနဲ့ပတ်သတ်ပြီး အမှုဖွင့်ခဲ့ကြပါတယ်။ သတင်းထောက်များနဲ့ ဆိုက်ဘာရဲများရဲ့ ပူးပေါင်းချက်အရ လက်ရှိမှာ Group Chat ထဲပါဝင်နေတဲ့ တခြားအဆိုတော်များကိုလဲရုံးတင်စစ်ဆေးနိုင်ခဲ့ပါပြီ။ Jung Joon Young နဲ့အတူ Group Chat ထဲပါဝင်သူတွေကတော့ Big Bang အဖွဲ့မှ Seungri ၊ FT island မှ Choi Jong Hoon တို့ပဲဖြစ်ပါတယ်။

လက်ရှိ ရဲစခန်းမှ ထုတ်ပြန်ကြေငြာလိုက်တဲ့ Group Chat ထဲမှ နောက်တစ်ယောက်ကတော့ Jung Joon Young နဲ့အတူ Super Star K သီချင်းဆိုပြိုင်ပွဲမှာ အတူ ယှဉ်ပြိုင်ခဲ့ဖူးတဲ့ Roy Kim ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ပြိုင်ပွဲမှာ ခင်မင်သွားပြီးအရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ Jung Joon Young ရဲ့ အကြမ်းဖက်မှုကိစ္စမှာ Roy Kim ပါဝင်နေမယ်ဆိုတာ လူအများက အရင်ကတည်းက ခန့်မှန်းပြီးသားပါ၊ ဒါပေမဲ့ ရဲက Roy Kim နာမည်ကို ဘာလို့နောက်မှ ဖော်ထုတ်သလဲဆိုတာ ကွင်းဆက်ကြည့်တဲ့အခါမှာတော့ Roy Kim ဟာ လုပ်ငန်းကြီးတစ်ခုရဲ့ အမွေဆက်ခံသူဖြစ်နေခဲ့ပါတယ်။

တောင်ကိုးရီးယား နာမည်ကြီးဆန်အရက် Jang Soo Makgeoli ရဲ့ အမွေဆက်ခံသူဟာ Roy Kim ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဟာ ၂၀၁၄ ခုနှစ်ကတည်းက ဆန်အရက်လုပ်ငန်းရဲ့ CEO နေရာမှနှုတ်ထွက်ပြီး လုပ်ငန်းပိုင်းဆိုင်ရာ ရှယ်ယာများကို Roy Kim ကို လွှဲပြောင်းပေးခဲ့တာပဲဖြစ်ပါတယ်။

 Roy Kim ရဲ့ ဖခင်ဟာ လက်ရှိမှာ တက္ကသိုလ်ပါမောက္ခအလုပ်ကို လုပ်ကိုင်နေပြီး သားဖြစ်သူရဲ့ လုပ်ရပ်ကိုရှက်မိတာကြောင့် စာသင်ခန်းထဲမှာကျောင်းသားတွေကို တောင်းပန်ခဲ့ပါတယ်။ တောင်ကိုးရီးယားနိုင်ငံမှာ အသုံးပြုတဲ့ naver browser မှ profile မှာလဲ Roy Kim ကို သားအဖြစ်၊ မိသားစုဝင်စာရင်းထဲမှ ထုတ်ပယ်ထားကြောင်းတွေ့ရှိရပါတယ်။ တဖန် Roy Kim ကလဲ naver profile မှာ ဖခင် ကိုအဖေနေရာမှထုတ်ပယ်ထားခဲ့ပါတယ်။

(ပိုပိုလေး)

 

 


04 Apr 2019     1,361 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS