BEC-TERO TV

နှစ် ၂၀ ကျော်ကြာပြီးမှ မွေးရပ်မြေပြန်လာတဲ့နေတိုးကို ပရိသတ်ထုကြီးက လာရောက်ကြိုဆို

04 Apr 2019     1,267 Views


လက်ရှိ မြန်မာ့အနုပညာလောကထဲမှာ ထိပ်တန်းမင်းသားတစ်ယောက်အဖြစ် ရပ်တည်နေပြီး ပရိသတ်များစွာရဲ့ ချစ်ခြင်းမေတ္တာတွေကိုအပြည့်အ၀ရရှိထားတဲ့ သရုပ်ဆောင်နေတိုးကိုတော့ ကလေးအစ လူကြီးအဆုံး၊ ပျိုပျိုအိုအို ကျား၊မ မရွေး နှစ်ခြိုက်အားပေးနေကြတာပဲဖြစ်ပါတယ်။ အနုပညာလောကထဲမှာ ပရိသတ်အင်အားအများဆုံးပိုင်ဆိုင်ထားသူဆိုလဲ မမှားပါဘူးနော်…

ရခိုင်တိုင်းရင်းသားလေးဖြစ်တဲ့ နေတိုးကတော့ မွေးရပ်မြေ မာန်အောင်မြို့ကိုမရောက်တာ နှစ် (၂၀) ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ နေတိုးဟာဆိုရင် ကွယ်လွန်သွားတဲ့ ညီဖြစ်သူမင်းသွေးနဲ့အတူ မွေးရပ်မြေမှာဘုရားတည်ထားပြီး ဘုရားကြီးအတွက် ထီးတင်ပွဲလုပ်ရန် ရခိုင်မြေကိုပြန်သွားခဲ့ပြီဖြစ်ပါတယ်။ နှစ် (၂၀) ကြာပြီးမှ မွေးရပ်မြေကို ပထမဆုံးအကြိမ်ပြန်သွားတာဖြစ်ပြီး ယနေ့မနက်မှာတော့ မာန်အောင်မြို့ကိုရောက်ရှိနေပြီဖြစ်ပါတယ်။

ကွယ်လွန်သွားတဲ့ ညီလေးမင်းသွေးရဲ့ (၆) လပြည့်အတွက် မွေးရပ်မြေမှာအလှူအတန်းပြုလုပ်မှာဖြစ်ပြီး အတူတူတည်ထားခဲ့တဲ့ ဘုရားအတွက် ထီးတင်ပွဲကြီးပါပြုလုပ်ဖို့အတွက် မာန်အောင်မြို့ကိုပြန်သွားခဲ့တာပဲဖြစ်ပါတယ်။ နှစ် (၂၀) ကြာပြီးမှ မွေးရပ်မြေကိုပြန်ရောက်လာတဲ့ နေတိုးကိုတော့ ပရိသတ်များစွာက လာရောက်ကြိုဆိုကြပါတယ်။ ရခိုင်ပြည်နယ် မာန်အောင်မြို့ရဲ့ သဘောင်္ဆိပ်မှစတင်တာ နေအိမ်ရောက်သည်အထိ ပရိသတ်များစွာက လာရောက်စောင့်ကြိုနေကြတာကိုလည်း တွေ့ရပါတယ်။

နေတိုးကို သောင်းသောင်းဖျဖျ လာရောက်ကြိုဆိုနေကြတဲ့ မွေးရပ်မြေ မာန်အောင်မှ ပရိသတ်တွေရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ သံကျောက်တောင်မှာ “မဟာဇေယျသိဒ္ဓိ မဟာမုနိရှင်တော်မြတ်ဘုရားကြီး” ကိုတည်ထားတာဖြစ်ပြီး ဘုရားထီးတင်ပွဲ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပပြုလုပ်​မှာဖြစ်​ပြီး အနုပညာရှင်​များစွာမှ ဖျော်​ဖြေရေးအစီအစဉ်​များစွာဖြင့်​ လာရောက်ဖျော်​ဖြေတင်​ဆက်​သွားမယ်​လို့လည်း သိရပါတယ်​။

 

Photos_Popular Journal

(ပိုပိုလေး)


04 Apr 2019     1,267 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment