BEC-TERO TV

နောက်နှစ်ရာသီ မှစပြီး ပရီးမီးယားလိဂ်မှာ ဘောလုံး စည်းမျဉ်းတစ်ချို့  အပြောင်းအလဲ လုပ်မည်

05 Apr 2019     1,376 Views


ဘောလုံးအားကစားဟာ လူသားတွေအတွက် ဖျော်ဖြေရေး ကဏ္ဍ တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ အားကစားနည်းတွေထဲ့မှာ အားပေးမှုအများဆုံးရရှိထားတဲ့ အားကစားတစ်ခုဆိုလည်း မမှားပါဘူး။ ဘောလုံးအားကစားကို တစ်နေ့တစ်ခြား ပိုမိုတိုးတက်ကောင်မွန်လာဖို့ နည်းစနစ်တွေ စည်းမျဉ်းတွေကို အပြောင်းအလဲပြုလုပ်ပြီး  ပြောင်းလဲပြုပြင်တတ်ကြပါတယ်။

ဘောလုံးအားကစားမှာ တိကျတဲ့ VAR စနစ်တွေ ၊ ဂိုးလိုင်းနည်းပညာတွေ ကို အသုံးပြုပြီး ပိုမိုတိကျအောင် ပံ့ပိုးပေးနိုင်ခဲ့ပြီး ပိုမိုကောင်းမွန် မှန်ကန်တဲ့ ဆောင်ရွတ်နိုင်လာခဲ့ကြပါတယ်။ အခုလည်း ပရိတ်သတ်အားပေးမှုအများဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ်ဟာ လာမယ့် ရာသီက စပြီး ဘောလုံးစည်းမျဉ်းတချို့ ကို အပြောင်းအလဲ ပြုလုပ်သွားမယ် လို့သိရပါတယ်။

၁။ ဖရီးကစ် ကန်သွင်းရာမှာ လူတံတိုင်းက သုံးဦးနဲ့ အောက်ရှိနေရင် ပြိုင်ဘက်ကစားသမားက ထိုတံတိုင်းအတွင်း ဝင်ရောက်နှောက်ယှက်ခွင့် မရှိတော့ပါဘူး။ အနည်းဆုံး ၁ မိတာ အကွာမှာ ရှိနေရမှာဖြစ်ပါတယ်။

၂။ ပင်နတီဖမ်းတဲ့ ဂိုးသမားဟာ ပင်နတီစည်းပေါ်မှာ ရှိနေစရာမလိုဘဲ ခြေတစ်ဖက်က စည်းကို ထိထားရင် ရပြီလို့ ဆိုပါတယ် ။ဒါကလည်း ပြိုင်ဘက်ကစားသမားကို အာရုံထွေပြားအောင် လုပ်နိုင်တဲ့ တစ်ချက်ဖြစ်ပါတယ်။

၃။ ဂိုးလွန်ဘောတွေ ကန်တင်ရာမှာလည်း ကစားသမားတွေအားလုံး ဧရိယာအတွင်းမှာ ရှိသည်းဖြစ်စေ ၊ မရှိသည်ဖြစ်စေ တိုက်ရိုက်ကန်သွင်းလို့ ရပြီဖြစ်ပါတယ်။ဒါကလည်း အလျှင်အမြန် တိုက်စစ်ဆင်ခွင် ရရှိတာဖြစ်ပါတယ်။

၎။ ပြိုင်ဘက်ကစားသမားက ပြစ်ဒဏ်ဘောကျူးလွန်လို့ ဒိုင်လူကြီးက အဝါကဒ်ပြားပြသရာမှာ တစ်ဖက်ကစားသမားက အလျှင်အမြန် ပေးပိုမှုကြောင့် အဝါကဒ်ပြား မပြသနိုင်ခဲ့ရင် ၊ ဘေးထွက်ဘော ၊ဂိုးလွန်ဘော နဲ့ စတဲ့ အခြားအချိန်တွေမှာပြန်လည်ပြသနိုင်မှာဖြစ်ပါတယ်။

၅ ။ လွှတ်ချ ဘော ( Dropped Ball ) နှစ်ဖက်ကစားသမားအလယ်မှာ ပစ်ချခဲ့ကြတာဖြစ်ပါတယ်။ နောက်ရာသီကစပြီး ဒိုင်လူကြီး ခရာမမှုတ်မီ ဘောလုံးရှိနေတဲ့ဘက် ကနေစတင်ရမှာဖြစ်ပါတယ်။ ထိုအချိန်မှာ ပြိုင်ဘက်ကစားသမားဟာ အနည်းဆုံး ၄ မီတာ အကွာမှာရှိနေရမှာဖြစ်ပါတယ်။

၆ လက်ထိဘောနဲ့ပါတ်သတ်တဲ့ စည်းမျဉ်းတစ်ချို့လည်း ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ပခုံးထက်မြင့်တဲ့ လက်အနေအထားကို ဘောလုံးကိုထိမိသောလည်းကောင်း ၊ လက်ဆန့်လို့ ထိမိသော်လည်းကောင်း ထိမိရင် လက်ထိဘောအဖြစ် သတ်မှတ်ပေးရမှာဖြစ်ပါတယ်။

အထက်ပါ စည်းမျဉ်းတွေကို နောက်နှစ်ရာသီမှ စပြီး စတင်ကျင့်သုံးမှာဖြစ်တာကြောင်း မြန်ဆန်တဲ့ တိုက်စစ် ၊အမှားမခံ တဲ့အနေအထားကြောင့် ပိုမိုမြိုင်ဆိုင်တဲ့ ပွဲတွေအဖြစ် ကြည့်ရူရတော့မှာဖြစ်ပါတယ်။

Ref; www.goal.com


05 Apr 2019     1,376 Views




RELATED

Most Popular of Football

Most Popular of Sport