နိုင်ငံတကာရှိုးတွေမှာ လုပ်လေ့လုပ်ထမရှိတဲ့ ပုံစံအသစ်ကို စိုင်းစိုင်းက Birthday Show မှာ ပြုလုပ်ပေးသွားမယ်
05 Apr 2019 1,558 Views

လာမည် April လ ၁၀ ရက်နေ့ မှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ Birthday Show ကို ရန်ကုန် သုဝဏ္ဏဘူမိ မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့  အသည်းစွဲ ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ ရဲ့ ပရိတ်သတ်ရဲ တောင်းဆိုတဲ့ အခက်အခဲကို အကောင်းဆုံးဖြေရှင်း စီစဉ်ပေးခဲ့ပါတယ်။

အဲ့ဒါက ရေဗူးကိစ္စပါ ။ အဆိုပါ ရေဗူးကိစ္စကို စိုင်းစိုင်းပွဲတွေနဲ့အလားတူ နိုင်ငံတကာပွဲတွေမှာ ရေးဗူးပေးယူလေ့မရှိပါဘူး၊ ရေဗူးနဲ့ပစ်ပေါက်တာမျိုး အချင်းချင်းထိခိုက်မှုရှိနိုင်တာမျိုးတေ အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ပရိတ်သတ်တွေဟာ ၄ နာရီကြာ ကခုန်မောပန်းပြီး အပြင်ထွက် ရေသွားသောက်ပြန်လာရင် တိုးရ တိုက်ရ နဲ ကြုံတွေ့ နိုင်တာကြောင့် စိုင်းစိုင်းက ဒီတစ်ခါ ရှိုးပွဲမှာတော့ ရေဗူးတစ်ဗူးနှုန်းနဲ့ ပရိတ်သတ်အားလုံးကို ဓါတ်ဆားရေ တိုက်သွားမယ်လို့ သိရပါတယ်။
ပရိတ်သတ်တွေကိုလည်း ရေဗူးကိုသောက်ပြီးရင် နိုင်ငံသားပီပီ ရေဗူးခွံတွေကို စနစ်တကျပစ်ဖို့ တောင်းဆိုထားပါတယ်။ ဗူးခွံတွေပစ်ဖို့အတွက်လည်း ရေသန့်ဗူးပစ်ရန်နေရာဆိုပြီး သီးသန့်ထားပေးထားတယ်လို့ သိရပါတယ်။
Birthday Show မှာသောက်ရမဲ့ ဓါတ်ဆားဗူး








