BEC-TERO TV

အအေးမိခြင်းရောဂါအကြောင်းသိကောင်းစရာများ

21 Aug 2015     1,446 Views


အအေးမိတဲ့ရောဂါဟာ virus ပေါင်းမျိုးစုံကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ကူးစပ်ပြီဆိုရင်အသက်ရှူလမ်းကြောင်းကနေတဆင့် အဓိကကူးစပ်တက်ပါတယ်။အထူးသဖြင့် ရာသီဥတုအပြောင်းအလဲမှာပိုမိုဖြစ်တက်ပါတယ်။ရောဂါရှိနေတဲ့သူဟာ သူ့ရဲ့မျက်လုံး ၊နှာရည် ၊နှာခေါင်းတွေ ထိမိကိုင်မိမယ် အဲ့ဒိလက်နဲ့အသုံးအဆောင်ပစ္စည်းတွေကို ကိုင်တွယ်ထားမယ်ဆိုရင် အသုံးအဆောင်ပစ္စည်းတွေမှာ virus ပိုးတွေဟာ အချိန်တော်တော်ကြာကြာနေတက်ပြီး တစ်ခြားလူတွေကိုလဲ ကူးစပ်နိုင်ပါတယ်.။ရောဂါကူးစပ်ပြီဆိုရင်များသောအားဖြင့် ကလေးသူငယ်တွေမှာ ပိုပြီး အဖြစ်များပါတယ် ကလေးငယ်တွေဟာ ခုခံအားကောင်းကောင်းမဖွံဖြိုးသေးတဲ့အတွက်ဖြစ်ပါတယ်။
 
ကိုယ်ခံအားကျနေတဲကသူတွေမှာဆိုရင်လဲ ဒီရောဂါဟာကူးစပ်လွယ်ပါတယ်။ရောဂါလက္ခဏာတွေကတော့ ပထမဆုံးနှာချေလာမယ် ၊ခန္ဓာကိုယ်အပူချိန်နဲနဲတက်လာမယ် ၊ချောင်းဆိုးမယ် ၊လည်ချောင်းတွေနာလာမယ် ၊တစ်ခါတစ်ရံ ကိုယ်တွေလက်တွေညောင်းညာကိုက်ခဲနေမယ် ၊ခေါင်းတွေအရမ်းကိုက်နေမယ် ၊အားအင် ဆုတ်ယုတ်ပြီးတော့ နုံးချိနေမယ်၊ နှာဆေးပြီဆိုရင် နှာရေကျတဲ့အရည်ဟာတစ်ခါတရံမှာအနံ့နံတက်တယ် နှာရေဟာအဝါရောင်တွေအစိမ်းရောင်တွေဖြစ်နေမယ်ဆိုရင် ထိတ်ခပ်နာနဲ့တွဲဖက်နေတက်ပါတယ်။အအေးမိခြင်းရောဂါဟာ တုတ်ကွေးရောဂါနဲ့လဲ ဆက်စပ်နေတက်ပါတယ် ။
 
တုတ်ကွေးမှာတေါ့ရတဲ့လက္ခဏာတွေနဲ့ အအေးမိခြင်းမှာတွေ့ရတဲ့လက္ခဏာတွေက တူညီနေတက်ကြပါတယ်။အအေးမိရောဂါဖြစ်လာပြီဆိုရင်အိမ်မှာပဲနားနားနေနေကုသလို့ရတဲ့ရောဂါမျိုးဖြစ်ပါတယ်။ဆေးတွေကို ပုံမှန်သောက်ပေးခြင်းဖြင့်သက်သာနိုင်တဲ့ရောဂါဖြစ်ပါတယ်။ခဏလေးအတွင်းမှာတော့ပျောက်ကင်းနိုင်တဲ့ရောဂါမဟုတ်ပါဘူးအချိန်ကြာကြာတော့အနားယူပေးရပါတယ်။လည်ချောင်းနာတာတွေ ၊ခေါင်းကိုက်တာတွေ ၊ကိုယ်လက်ကိုက်တာတွေ ဟာ တစ်ခါတစ်ရံမှာပိုပြီးကြာတက်ပါတယ်။အဖျားအရမ်းကြီးပြီးအိပ်ရာကနေကယောင်ကရမ်းဖြစ်လာတက်တယ် ရောဂါလက္ခဏာတွေက ၁ဝရက်ထက်ပိုကြာလာပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီးတော့ ဆေးကုသမှုခံယူရပါမယ်။
 
လိုအပ်တဲ့အခါပိုးသတ်ဆေးတွေကိုလဲသောက်သုံးပေးရပါမယ်။အအေးမိတာဟာ တစ်ခြားရောဂါတွေနဲ့လဲ ဆက်စပ်နေပါတယ် ။ပန်းနာရင်ကျပ်ရောဂါ ၊ထိပ်ခပ်နာရောဂါတွေနဲ့လဲ ဆက်စပ်နေပါတယ်။အသက်ရှူလမ်းကြောင်းကိုပိုးဝင်တဲ့ရောဂါလက္ခဏာတွေကိုလဲ ဆက်ပြီးတွေ့ရှိရပါတယ်။ အအေးမိတာကို ကာကွယ်ဖို့ကတော့ အခြားသူတွေမှာဒီလို လက္ခဏာတွေတွေ့ရှိပြီဆိုရင် မိမိကိုယ်ကို သတိထားနေသင့်ပါတယ် ကိုယ်ခံအားမကျအောင် ၊အလုပ်ကိုလဲ ပင်ပင်ပန်းပန်းမလုပ်ပဲ နားနားအလုပ်လုပ်သင့်ပါတယ် ။
 
တစ်ခြားရောဂါရှိတဲ့သူကိုင်တွယ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလဲ သတိထားပြီးတော့ ကိုင်တွယ်သင့်ပါတယ်။အဓိက ကာကွယ်ပေးနိုင်တဲ့နည်းလမ်းကတော့ လက်ဆေးတာပဲဖြစ်ပါတယ်။လက်ဆေးတာဟာ ရောဂါပိုးတော်တေ်ာများများကို ကာကွယ်ပေးနိုင်တဲ့အကောင်းဆုံးနည်းဖြစ်ပါတယ်။ရောဂါရှိနေတဲ့သူဟာ မိမိမှာဒီလိုလက္ခဏာတွေရှိပြီဆိုရင် သူတစ်ပါးကို မကူးစပ်အောင် မျက်နှာနဲ့ပါးစပ်တွေကို နှာခေါင်းတွေကို mask တပ်ထားတာမျိုးတွေပြုလုပ်ထားပေးသင့်ပါတယ်။

21 Aug 2015     1,446 Views




RELATED

Most Popular of Health Fix

Most Popular of Life Style