BEC-TERO TV

ကွင်းသစ်ကြီးပိုင်ဆိုင်ခဲ့ပေမယ် အောင်မြင်မှုက မိမိတို့အသင်းလောက်မရှိဘူးလို့ ခနဲ့သွားခဲ့တဲ့ ဟာဇက်

05 Apr 2019     1,327 Views


ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က စပါးအသင်းဟာ သူ့ တို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကွင်းသစ်ကြီးကို ဖွင့်လှစ်ခဲ့ပါတယ်။ ချလ်ဆီးကစားသမား အီဒင်ဟာဇက် ကတော့ ကွင်းသစ်ကြီးနဲ့ပတ်သက်ပြီး စပါးအသင်းကို ခနဲ့သွားခဲ့ပါတယ်၊ ဟာဇက်က စပါးအသင်းဟာ ကွင်းသစ်ကြီးပိုင်ဆိုင်ခဲ့ပေမယ့် အောင်မြင်မှု ဆုဖလားတွေက မိမိတို့အသင်းသာ ပိုင်ဆိုင်ခဲ့တယ်လို့ ခနဲ့ပြောကြားခဲ့တာဖြစ်ပါတယ်။

ဟာဇက်က စပါးအသင်းဟာ “၂နှစ်၊ ၃ နှစ်အတွင်းမှာ စပါးက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းတွေထဲ့က တစ်သင်းဖြစ်လာတာပါ။ ဒီအခြေအနေကို ကျွန်တော့မနှစ်သက်ပါဘူး ။ ဒါပေမဲ့ လက်ခံရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ချယ်လ်ဆီးအသင်းကသာ ဆုဖလားတွေအများကြီး ရယူနိုင်ခဲ့ပါတယ်၊ သူတို့ကတော့ ဆုဖလားတွေ မရယူနိုင်ခဲ့ပါဘူး၊ နောင်လည်း ဒီလိုမျိုးဆက်ဖြစ်သွားဖို့ မျှောလင့်ပါတယ်" လို့ ဟာဇက်က ပြောဆိုသွားခဲ့ပါတယ်။

စပါးအသင်းကတော့ အင်္ဂလန်လိဂ် ရဲ့ အကောင်းဆုံးတစ်သင်းဖြစ်လာခဲ့ပေမဲ့ အောင်မြင်မှုကမရှိသလောက် နည်းပါးပါတယ်။ ဒီနှစ်နောက်ပိုင်းတွေမှာ ပိုချက်တီနို က လူငယ်ကစားသမားတွေနဲ့ တည်ဆောက်ထားနိုင်တာကြောင့် အကောင်းဆုံးအသင်းတွေထဲ့က တစ်သင်းဖြစ်လာတာပါ။

လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း စပါးနဲ့ ချယ်လ်ဆီးတို့ အပြိုင်အဆိုင်ဖြစ်နေပြီး စပါးက ချယ်လ်ဆီးထက် (၂)မှတ်အသာစီးရရှိထားကာ အဆင့် (၃)နေရာမှာ ရှိနေပြီး ချယ်လ်ဆီးကတော့ အဆင့် (၅)နေရာမှာ ရပ်တည်နေပါတယ်။

 


05 Apr 2019     1,327 Views




RELATED

Most Popular of Football

Most Popular of Sport