BEC-TERO TV

တရားလိုစူးရှထက်ကို ပြောစရာစကားလုံးတောင် မရှိတော့ဘူးလို့ ဆိုလိုက်တဲ့ အစ္စဏီ

05 Apr 2019     1,357 Views


၂၀၁၈ ခုနှစ်က အနုပညာလောကထဲသာမက အနုပညာချစ်ပရိသတ်တွေကြားမှာပါ သဲသဲလှုပ်ဖြစ်အောင် ရိုက်ခတ်ခဲ့တဲ့ သတင်းကြီးတစ်ခုဖြစ်တဲ့ မော်ဒယ်စူးရှက်ထက်(ခ)ဇာခြည်ဌေးကို အဆိုတော်အစ္စဏီမှ မတရားအဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့အကြောင်းကတော့ တိုင်းသိပြည်သိသတင်းတစ်ခုပဲဖြစ်ပါတယ်။ ယခုလိုဧပြီလ သင်္ကြန်မတိုင်ခင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အစ္စဏီဟာဆိုရင် ပုဒ်မ (၃) ခုနဲ့တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

ဧပြီလ ၁၂ ရက်နေ့မှာ ဖမ်းဆီးခြင်းခံခဲ့ရတဲ့အစ္စဏီကတော့ အချုပ်ကျနေခဲ့တာ မကြာခင်ရက်ပိုင်းမှာဆိုရင် (၁) နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ ယခုထိတိုင်ပရိသတ်တွေရဲ့ စိတ်ဝင်တစားစောင့်ကြည့်ခြင်းခံနေရတဲ့ အစ္စဏီရဲ့အမှုကတော့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် တရားရင်ဆိုင်ရင်းနဲ့သာအချိန်တွေကြန့်ကြာနေခဲ့ပါတယ်။ အစ္စဏီအနေနဲ့ အမှုမှန်ပေါ်ပေါက်ကာအမြန်ဆုံးပြီးချင်နေပြီး အရမ်းစိတ်ညစ်နေရတယ်လို့ ဧပြီလ (၄) ရက်နေ့ကရုံးချိန်းတက်ရောက်ရင်း မီဒီယာတွေနဲ့တွေ့ဆုံခိုက်မှာ ပြောကြားသွားခဲ့ပါတယ်။

နှစ်ပေါက်တော့မယ့်အထိ ထိုအမှုကကြန့်ကြာနေရတဲ့အကြောင်းကို အစ္စဏီရဲ့ရှေ့နေဖြစ်သူမှ “တရားဥပဒေကကြာတယ်လို့ ပြောတယ်ပေါ့နော်။ ကြာတယ်လို့ပြောရင် ကြာအောင်လုပ်တာဘယ်သူလဲလို့ပဲ အစ်ကိုကမေးချင်တယ်။ တရားရုံးကကြာအောင် မလုပ်ဘူး။ ဥပဒေနဲ့အညီပဲ မြန်မြန်နဲ့မှန်မှန်ကန်ကန်ဆောင်ရွက်ပေးနေတာပဲ။ အစ်ကိုတို့စွပ်ဆွဲခံရတဲ့သူကလည်း ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ထုတ်ဖော်နေတာပဲ။ ကြာအောင်ဘယ်သူလုပ်လဲ ဒါက အများမြင်သာပါတယ်။ ဒါပဲအစ်ကိုအနေနဲ့ မှတ်ချက်ပေးပါတယ်။ အစ်ကိုတို့တရားရုံးဘက်ပိုင်းကတော့ မှားယွင်းမှုမရှိဘူး။ ကြာအောင်လုပ်ထားတာမရှိပါဘူး။”

မူလရုံးကို အမှုတွဲပြန်ရောက်ရင် မူလတာမွေမြို့နယ်တရားရုံးက အမြန်ဆုံးနဲ့အမှန်ကန်ဆုံး ဆောင်ရွက်ပေးမယ်လို့ အစ်ကိုတို့ယုံကြည်တယ်။ အစ်ကိုတို့အမှန်တရားတွေကို ယုံယုံကြည်ကြည်နဲ့ ဆက်လက်ဆောင်ရွက်သွားမှာပါ။ အဲ့အတွက်ကို မကြာအောင်လို့ဝိုင်းဝန်းပြီးတော့ ဘယ်သူတွေကဆောင်ရွက်ပေးဖို့ တာဝန်ရှိလည်း၊ ဘယ်သူတွေကရော လုပ်ကြမှာလဲဆိုတဲ့ အဖြေပဲရှိမှာပေါ့နော်။ စိတ်ဓာတ်ဆိုတာတော့ သူ့အနေနဲ့ အနုပညာရှင်လည်း ဖြစ်တယ်၊ စိတ်ခံစားလည်းလွယ်တယ်။ ဒီအပေါ်မှာမူတည်ပြီး မတရားလည်းချုပ်နှောင်ခံထားရတာဖြစ်တယ်။ အမှုကြန့်ကြာနေတာကို နည်းနည်းလေး စိတ်ဓာတ်ကျတယ်လို့မဟုတ်ဘဲ စိတ်လေး နည်းနည်းပျက်ချင်လာတာပေါ့။ အမှုအမှန်တရားကတော့ အမြန်ဆုံး ပေါ်ထွက်လာတော့မှာပါ။”လို့ အမှုကြန့်ကြာနေရတဲ့ အကြောင်းရင်းကိုပြောပြသွားခဲ့ပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ တရားခံဖြစ်သူ အဆိုတော်အစ္စဏီကလည်း သူ့အနေနဲ့ အမှုကိုကြန့်ကြာအောင်လုပ်နေတဲ့ တရားလိုစူးရှထက်ကို ပြောစရာစကားလုံးတောင်မရှိတော့ဘူး ဆိုတဲ့အကြောင်းကို “အမှုကြန့်ကြာနေတာက တရားလိုဘက်က Complain တွေအရမ်းတက်နေလို့ အဲ့ဒါကြောင့် ကြန့်ကြာနေတာပါ။ ကျွန်တော်လည်း အရမ်းစိတ်ညစ်နေပါပြီ။ ဥပဒေလမ်းကြောင်းအရလည်း မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်ပဲ သွားချင်နေပါပြီ။ ကျွန်တော့်အနေနဲ့တရားလိုဘက်ကို ဘာမှပြောစရာကို စကားလုံးမရှိတော့ပါဘူး။”လို့ပြောသွားခဲ့ပြီး “သင်္ကြန်မှာ ပရိသတ်ကြီးပျော်ကြပါလို့၊ ပရိသတ်ကြီးပျော်ရင် ကျွန်တော်လည်းပျော်နေမှာပါလို့” ဆိုကာ ပရိသတ်တွေအတွက် သင်္ကြန်လက်ဆောင်စကားလေးပါ ပါးသွားခဲ့ပါတယ်။ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတဲ့ အမှုမှန်ပေါ်ပေါက်ဖို့အတွက်ကတော့ စိတ်ဝင်တစားနဲ့ ဆက်လက်စောင့်ကြည့်ရဦးမှာပါနော်…

 

Source_MC

(ပိုပိုလေး)


05 Apr 2019     1,357 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment