BEC-TERO TV

ဟယ်ရီပေါ်တာဟာ လိင်တူ၊လိင်ကွဲနှစ်မျိုးလုံးစိတ်ဝင်စားသူဟု JK Rowling ပြောကြား

08 Apr 2019     1,436 Views


ကမ္ဘာကျော် ဟယ်ရီပေါ်တာ ရုပ်ရှင်စီးရီးကိုတော့ မသိသူမရှိလောက်ဘူးထင်ပါတယ်။ ဒီ ရုပ်ရှင်ရဲ့ မူရင်းစာရေးဆရာမကတော့ JK Rowling ပါ။ Rowling ဟာ ဟယ်ရီပေါ်တာ စာအုပ်ကို သူမဘဝရဲ့ အခက်အခဲဆုံးအခြေအနေ ၊ လမ်းဘေးမှာ စားသောက်စရာတောင် မရှိတဲ့အခြေအနေမှာရေးသားခဲ့ပြီး ကမ္ဘာကျော်သွားခဲ့တာဖြစ်ပါတယ်။  ဟယ်ရီပေါ်တာကို ရုပ်ရှင်စီးရီးအဖြစ် ပြန်လည်ရိုက်ကူးတဲ့အခါမှာ ပိုနာမည်ကြီးလာပြီး ဟယ်ရီပေါ်တာအဖြစ် သရုပ်ဆောင်တဲ့ မင်းသား ဒန်နီရယ် ရက်ပ်ကလစ်ကလဲ အချမ်းသာဆုံးလူငယ်သရုပ်ဆောင်ဖြစ်လာခဲ့ပါတယ်။

ရုပ်ရှင်စီးရီးထဲမှာ Harry Potter and the deadly hollows ကနောက်ဆုံးထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး လက်ရှိမှာ နောက်တစ်ပိုင်းကို စတင်ဖို့ JK Rowling ကပြင်ဆင်နေပြီလို့ပြောကြားထားပါတယ်။ ၁၉ နှစ်ကြာပြီးမှ ထွက်ရှိလာမယ့် ဟယ်ရီပေါ်တာရုပ်ရှင်မှာ JK Rowling ကရှေ့က အပိုင်းတွေနဲ့မတူအောင် ဖန်တီးထားတယ်လို့ ပရိတ်သတ်ကိုအသိပေးလာပါတယ်။ ဒီတစ်ခါထွက်ရှိမယ့် အပိုင်းမှာ ဟယ်ရီပေါ်တာကို bisexual တစ်ယောက်အဖြစ်မြင်တွေ့ရမယ်လို့ ပြောကြားလာတာပါ။

bisexual ဆိုတာကတော့ ယောင်္ကျား၊ မိန်းမ မခွဲ ကြိုက်နှစ်သက်သူ တစ်ယောက်ကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။ JK Rowling ဟာ အရင်အပိုင်းတွေတုန်းက ဟယ်ရီကို bisexual တစ်ယောက်ဆိုတာ ဖော်ပြချင်းမရှိခဲ့ပေမဲ့ အမှန်ကဟယ်ရီဟာ အရင်ကတည်းက bisexual တစ်ယောက်ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

လာမယ့် ဟယ်ရီပေါ်တာရုပ်ရှင်စီးရီးအသစ်မှာ ဟယ်ရီ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Ron Weasely နဲ့ Hermione Granger တို့ နဲ့အတူ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမျိုးဖြစ်လာနိုင်တယ်လို့ ပြောကြားသွားပါတယ်။ အသစ်ထွက်ရှိမယ့် စီးရီးနာမည်ကတော့ Harry Potter and the enchanted tryst ဖြစ်ပြီး လာမယ့် ၂၀၂၁ ဖေဖော်ဝါရီလမှာ စတင်ထုတ်ဝေသွားမယ်လို့ သိရပါတယ်။

(ပိုပိုလေး)

 


08 Apr 2019     1,436 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS