BEC-TERO TV

ဒီနှစ် ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်စ်အသင်းက ချန်ပီယံဖြစ်မယ်ဆိုတဲ့ စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်

08 Apr 2019     1,340 Views


ချန်ပီယံလိဂ် ကွာတာဖိုင်နယ်အဆင့်မှ စပြီး ဖိုင်နယ်အထိ ရလဒ်အတိအကျနဲ့  ချန်ပီယံဘယ်အသင်းဖြစ်မလဲ ဆိုတာကို စူပါကွန်ပျူတာက တွက်ချက်ပေးထားပါတယ်။ အဆိုပါ ခန့်မှန်တဲ့ ရလဒ်ဟာ အွန်လိုင်းမှာ နာမည်ကြီးဖြစ်နေပြီး အမှန်တစ်ကယ်ဖြစ်လာနိုင်တဲ့ အနေအထားတွေလည်း ဖြစ်လာနိုင်ပါတယ်။ စူပါကွန်ပျူတာရဲ တွက်ချက်မှုအရ အီတလီ ကိုယ်စားပြု စီးဒီးအေ ကလပ် ဂျူဗင်တပ်အသင်းက ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

စူပါကွန်ပျူတာဟာ အသင်းတိုင်းစီရဲ့ ဒဏ်ရာရစာရင်း ၊ သွင်းဂိုး ၊ ပေးဂိုး ဂိုးကွာခြားချက် ဂိုးမပေးရတဲ့ ပွဲအရေအတွက် အသေးစိတ်အချက်အလတ် တွေကိုပါ မှတ်တမ်းယူပြီး အဖြေထုတ်ပေးခဲ့တာဖြစ်ပါတယ်။

စူပါကွန်ပျူတာရဲ့  ခန့်မှန်းချက်

ချန်ပီယံလိဂ်ကွာတားပွဲများ

အေဂျက် – ဂျူဗင်တပ်စ် (ပကျော့ ၁-၁ ) ဒုကျော့( ၂-၀) (နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဖြင့် ဂျူဗီတပ်စ်ဆီမီးတက်)

လီဗာပူးလ် – ပေါ်တို (ပကျော့ ၃-၀)( ဒုကျော့ ၁-၂) (နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဖြင့် လီဗာပူးလ်ဆီမီးတက်)

တော့တင်ဟမ် – မန်စီးတီး (ပကျော့ ၁-၁)  ( ဒုကျော့ ၃-၁ ) (နှစ်ကျော့ပေါင်းရလဒ် ၄-၂ ဖြင့် မန်စီးတီးဆီမီးတက်)

ဘာစီလိုနာ – မန်ယူ (ပကျော့ ၂-၁ ) ဒုကျော့ (၁-၂ ) (နှစ်ကျော့ပေါင်းရလဒ် ၄-၂ ဖြင့် ဘာစီလိုနာဆီမီးတက်)

 

ချန်ပီယံလိဂ်ဆီမီးပွဲများ

မန်စီးတီး – ဂျူဗင်တပ်စ် ( ပကျော့ ၁-၁ ) ( ဒုကျော့ ၂-၁ ) (နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဖြင့် ဂျူဗီဖိုင်နယ်တက်)

ဘာစီလိုနာ – လီဗာပူးလ် (ပကျော့ ၂-၁ ) (  ဒုကျော့ ၂-၂ ) (နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဖြင့် ဘာစီလိုနာဖိုင်နယ်တက်)

 

ချန်ပီယံလိဂ်ဖိုင်နယ်ပွဲ

ဂျူဗင်တပ်စ် ၂-၁ ဘာစီလိုနာ (ဂျူဗင်တပ်စ် ချန်ပီယံဖြစ်)

စူပါကွန်ပျူတာ ခန့်မှန်းခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရော်နယ်ဒို ပါဝင်တဲ့ ဂျူဗင်တပ်စ်အသင်းက ချန်ပီယံဖြစ်ခဲ့တာကိုတွေ့ ရပါတယ် ။ ပြိုင်ပွဲပြီးဆုံးချိန်မှာတော့ စူပါကွန်ပျူတာရဲ့ ခန့်မှန်းက မှန်ကန်သလား ၊ ဘယ်လောက် % ခန့်မှန်ကန်ခဲ့လဲ ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။


08 Apr 2019     1,340 Views




RELATED

Most Popular of Football

Most Popular of Sport