BEC-TERO TV

Keratosis Pilaris (အရေပြားပေါ်အဖုလေးတွေပေါက်ခြင်း)

21 Aug 2015     2,480 Views


Keratosis Pilaris ဟာ အရေပြားပေါ်ချွေးထွက်သလိုမျိုးအဖုလေးတွေထွက်ခြင်း ဖြစ်ပါတယ်။ လက်မောင်းတွေ ၊ပေါင်တွေ ၊ ရင်ဘက်တွေ ၊တင်ပါးတွေ မှာ အဖုလေးတွေပေါက်ပါတယ်။ ဝက်ခြံကဲ့သို့ အဖုလေးတွေပေါက်ခြင်းလဲ ဖြစ်ပါတယ်။ထိုအဖုလေးတွေဟာ အနီရောင် နဲ့အဖြူရောင်လေးတွေရှိပါတယ်။ 
 
နာခြင်း ၊ယားခြင်းတွေတော့ မရှိပါဘူး ။ သိပ်လဲ မပြင်းထန်သလို အသက်၃ဝကျော်လာရင်အလိုအလျှောက်သက်သာပျောက်ကင်းတက်ပါတယ်။ ဖြစ်နေတဲ့အချိန်နဲ့ဆိုးရွားနေတဲ့အချိန်မှာတော့ လိမ်းဆေးလေးတွေ သောက်ဆေးလေးတွေ သောက်ပေးဖို့လိုအပ်ပါတယ်။
 
ရောဂါလက္ခဏာတွေကတော့ အသက်အရွယ်မရွေးဖြစ်တက်ပါတယ်။ များသောအားဖြင့်ကလေးငယ်တွေမှာ ဖြစ်တက်ပါတယ်။ အမျိုးသမီးတွေနဲ့အမျိုးသားတွေမှာ ဆိုရင် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။လက်မောင်းတွေ ၊တင်ပါးတွေ ၊ရင်ဘက်တွေ ၊ခြေထောက်တွေ မှာ အနီစက်လေးတွေ အဖြူစက်လေးတွေ ဖြစ်ပေါ်လာတက်ပါတယ်။ထွက်လာတဲ့နေရာမှာ ခြောက်သွေ့မယ် ကြမ်းတမ်းမယ် တစ်ခါတစ်ရံ ယားယံတာမျိုးတွေဖြစ်တက်ပါတယ်။ခြောက်သွေ့တဲ့ရာသီ ဆောင်းရာသီမှာ အဖြစ်များပါတယ်။တစ်ခါတစ်ရံ ဒီအဖုလေးတွေက ကြက်သီး ဖုလေးတွေလို သေးသေးလေးတွေ ဖြစ်နေတက်ပါတယ်။မျက်နှာပေါ်မှာ ဖြစ်ရင်တော့ အမာရွတ်လေးတွေကျန်နေခဲ့့တက်ပါတယ် ။
 
များသောအားဖြင့် ဒီရောဂါဟာ ဆေးကုသရလောက်တဲ့အထိ ပြင်းထန်တာမျိုးမရှိပါဘူး။မိမိဖြစ်တဲ့နေရာကဆိုးတယ် မျက်နှာတွေမှာဖြစ်တယ် အမာရွတ်တွေထင်ကျန်နိုင်မဲ့နေရာမှာဖြစ်မယ်ဆိုရင် အရေပြားအထူးကု ဆရာဝန်တွေနဲ့ပြသပြီး ညွှန်ကြားကုသမှုကို ခံယူရပါမယ်။ဖြစ်ပွားတဲ့အဓိကအကြောင်းကိုတော့ မိသားစုထဲမှာ ဒီရောဂါဖြစ်ဘူးခြင်း ရှိမရှိကိုလေ့လာရပါမယ်။ဒီလိုရောဂါမျိုးက သိပ်မပြင်းထန်တာများပါတယ်။အလှအပနဲံပတ်သတ်ရင်တော့ တစ်ခါတရန်ပြသာနာ ရှိနိုင်ပါတယ်။အပေါ်ယံအရေပြားအတွက်လိမ်းဆေးလေးတွေသုံးပေးလို့ရပါတယ်။
 
ဗီတာမင် A ဓာတ်ပါတဲ့လိ်မ်းဆေးလေးတွေ ၊အစိုဓာတ်ဖြစ်ပေါ်စေတဲ့ဆေးတွေ ၊ဗီတာမင် D စတဲ့ cream လေးတွေကို လိမ်းပေးလို့ရပါတယ်။ပိုမိုပြင်းထန်တဲ့ရောဂါ လက္ခဏာတွေဖြစ်လာတယ် ယားယံလာတယ်ဆိုရင် ဓါတ်ရောင်ခြည်လေဆာနဲ့လဲ ကုသလို့ရပါတယ်။ကာကွယ်မုနည်းလမ်းသက်သက်ရယ်လို့ မရှိပါဘူး အဓိကကတော့ အရေပြားစိုပြေနေဖို့ ၊ကျန်းမာစေဖို့ကို အလေးပေး ကရုပြုရပါမယ်။ 
 
အရေဓာတ်ကို အရေပြားမှာ ကြာရှည်စွာ ရှိနိုင်ဖို့ ကရုစိုက်ရပါမယ်။ရေချိုးတဲ့အခါရေနွေးကို အသုံးပြုပြီးချိုးတယ် ဆိုရင်လဲအချိန်ကြာစွာမချိုးသင့်ပါဘူးအချိန်သက်သက်မှတ်မှတ်လေးတစ်ခုထားရပါမယ်။ကြမ်းတမ်းခြောက်သွေ့တဲ့ဆပ်ပြာတွေအရေပြားကို ပို မိုခြောက်သွေ့ကြမ်းတမ်းစေတဲ့အတွက်ရှောင်ရှားရပါမယ်။ရေချိိုးပြီးတဲ့အခါမျက်နှာသုတ်ပဝါနဲ့မြန်မြန် သုတ်လိုက်မယ် အရေပြားကို စိုစွတ်စေမဲ့ lotion ဗတွသုံးမယ် ဒါမျိုးလုပ်ပေးဖြင်းအားဖြင့်ဒီရောဂါကို ကာကွယ်နိုင်မှာပါ။အဓိက ကတော့ အရေပြားကိုလုံးဝခြောက်သွေ့မနေစေဘဲ အစိုဓာတ်အမြဲရှိအောင်ထိန်းသိမ်းပေးရမှာပါ။

21 Aug 2015     2,480 Views




RELATED

Most Popular of Health Fix

Most Popular of Life Style