BEC-TERO TV

မသန်စွမ်းဖြစ်ပေမယ့် မလာကာ မြို့ကနေ စင်ကာပူအထိ စက်ဘီးဖြင့် သွားနိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံသား

08 Apr 2019     1,863 Views


Jagwinder Singh  ဟာ မွေးကတည်းက လက်မောင်းနှစ်ဖက်စလုံးမသန်စွမ်းခဲ့ပေမယ့် မလေးရှားနိုင်ငံ မလာကာ မြို့ကနေ စင်ကာပူအထိ ၂၇၀ ကီလိုမီတာ (မိုင်အားဖြင့် ၁၆၇ မိုင်)အကွာဝေးရှိတဲ့ ခရီးကို စက်ဘီးဖြင့် အရောက်သွားနိုင်ခဲ့ပါတယ်။
 
အိန္ဒိယနိုင်ငံ ဟိုင်းလင်းရွှာလေးကနေ မွေးဖွာလာတာဖြစ်ပြီး စက်ဘီးကို ၁၄ နှစ်အရွယ်ကတည်းက စတင် စီးလာတာဖြစ်တယ်လို့ သိရပါတယ်။ သူဟာ တစ်နေ့ကို ၅၀ ကီလိုမီတာမှ ၇၀ ကီလိုမီတာ အထိ ရောက်အောင် စက်ဘီနှင်းနိုင်သူတစ်ဦးဖြစ်ပါတယ်။ Jagwinder Singh  ရဲ ့ရည်ရွယ်ချက်ဟာ မလုပ်နိုင်တာမရှိရဘူး လိုခံယူထားသူတစ်ဦးဖြစ်ပြီး ဘဝကို အရှုံးမပေးဘဲကြံကြံခံ တွန်းလှန်နေသူ တစ်ယောက်ပါ။

သူဟာ စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင် စီးနိုင်ရုံသာမက ထမင်းစား ၊ ကွန်ပျူတာအသုံးပြုခြင်း ၊ ကလေးတွေကို စာသင်ပေးနိုင်သလို ပန်းချီ ပညာမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။သူ ကိုယ့်သူ လက်နှစ်ဖက်က ဒုက္ခတ ဖြစ်နေပေမယ့်လည်း ဘယ်တော့မှ အားမငယ်ခဲ့ပါဘူး ၊သူဟာ အပြုသဘောဆောင်တဲ ့အကောင်းမြင်ဝါဒ ရှိသူ တစ်ဦးဖြစ်တာကြောင့်ပါ။

Jagwinder Singh  က “ သူစက်ဘီးစီးမယ်ဆိုတော့ လူတိုင်းကိ မယုံကြည်ကြဘူး ၊ အထင်သေးကြတယ် ၊ ဒါပေမဲ ့ကျွန်တော်က  ဘယ်တော့မှအရှုံးမပေးပါဘူး၊ မလုပ်ကြည့်ရသေးဘဲနဲ ့မလုပ်နိုင်မယ် ထင်ရင် မှားသွားမှာပေါ့ ” လို့ဆိုပါတယ်။အခုဆိုရင် အသက် ၂၇ နှစ်ရှိနေပြီး ဆုတံဆိပ်ပေါင်း ၂၀ ကျော်ရယူထားနိုင်ခဲ့ပါတယ်။ အန္ဒိယလူမျိုးဖြစ်တဲ့ Jagwinder Singh  တစ်နေ့မှာ Paralympics ပြိုင်ပွဲမှာ အန္ဒိယနိုင်ငံအတွက် ရွှေတံဆိပ် ရယူပေးဖို့ ဆန္ဒ ရှိတယ်လို့ ဆိုပါတယ်။


08 Apr 2019     1,863 Views




RELATED

Most Popular of Special or Others

Most Popular of Life Style