BEC-TERO TV

အီဒင် ဟာဇက် ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာ ရယူနိုင်ခဲ့တဲ့ ချလ်ဆီး

09 Apr 2019     1,657 Views


မနေ့က ချလ်ဆီးအသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၂ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ ချလ်ဆီးအသင်းအတွက် ဂိုးတွေကို အီဒင် ဟာဇက် က ၂၄ ၊ ၉၀ မိနစ်တို့မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးက (၁၆)ဂိုးအထိ ရှိလာခဲ့ပြီး ဂိုးဖန်တီးမှုမှာလည်း အများဆုံးနေရာမှာလည်း ရပ်တည်လျှက်ရှိပါတယ်။

ချလ်ဆီးအနေနဲ့ စပါး၊ အာဆင်နယ်၊ ယူနိုက်တက်တို့ထက် တစ်ပွဲပိုကစားပြီး ရမှတ် (၆၆)မှတ် ရရှိသွားခဲ့ပါတယ်။ ဟာဇက်ရဲ့ ပထမသွင်းဂိုးကတော့ ဟာဇက်ရဲ့ အဆင့်အတန်းကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ၀က်စ်ဟမ်းနောက်ခံ သုံးလေးယောက်လောက်ကို ဖြတ်ကျော်ပြီး တစ်ကိုယ်တော်စွမ်းရည်ဖြင့် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်အသင်းနဲ့ သတင်းတွေထွက်ပေါ်နေတဲ့ ဟာဇက်ကို ဒီပွဲမှာ နည်းပြဆာရီကိုယ်တိုင်က ချီးကျူးစကားပြောဆိုခဲ့ပါတယ်။ ဟာဇက်ကို အသင်းမှာ ဆက်နေဖို့အတွက်လည်း ဆာရီက တိုက်တွန်းမှုတွေပြုလုပ်သွားခဲ့ပြီး ကစားသမားရဲ့ ဆုံးဖြတ်ချက်အပေါ်မှာတော့ သူ့အနေနဲ့ လေးစားမှုရှိမှာ ဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။


09 Apr 2019     1,657 Views




RELATED

Most Popular of Football

Most Popular of Sport