BEC-TERO TV

အမှုစစ်ဆေးခံဖို့ သတင်းထောက်တွေမသိအောင်နိုင်ငံခြားကနေ တိတ်တိတ်လေးခိုးပြန်ဖို့ စီစဉ်ခဲ့တဲ့ Roy Kim

09 Apr 2019     1,254 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ Roy Kim ဟာ ရော့ခ်အဆိုတော် Jung Joon Young ရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုမှာပါဝင်ပတ်သတ်နေတဲ့အတွက် အမေရိက ကနေ ကိုးရီးယားကို ဧပြီ ၉ ရက်နေ့မှာ ပြန်လာဖို့စီစဉ်ခဲ့ပါတယ်။ Roy Kim ဟာ သူပြန်လာတာကို သတင်းထောက်တွေမရိပ်မိအောင် တိတ်တဆိတ်ပြန်လာဖို့ စီမံခဲ့ပေမယ့် ၉ ရက်နေ့ပြန်လာမယ်ဆိုတဲ့ သတင်းက အတွင်းလူကြောင့်ပေါက်ကြားသွားခဲ့ပါတယ်။

လက်ရှိမှာတော့ Roy Kim ဟာ ကိုးရီးယားလေဆိပ်မှာသူ့ကို သတင်းထောက်တွေရန်က ကာကွယ်ပေးဖို့ လုံခြုံရေးအဖွဲ့တစ်ဖွဲ့ငှားထားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး Roy Kim ရဲ့ အေဂျင်စီဖြစ်တဲ့ Stone Music Entertainment ကတော့ ဝန်ခံထားတာလဲမရှိသလို ငြင်းဆိုထားတာလဲမရှိပါဘူး။

Roy Kim ဟာ အမေရိကမှာ Georgetown တက္ကသိုလ်က ဘွဲ့ရယူနိုင်ဖို့ ပညာသွားရောက်သင်ယူနေတာပဲဖြစ်ပါတယ်။ Roy Kim ရဲ့ အဖေဟာ ကိုးရီးယားတက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးဖြစ်ပြီး သားဖြစ်သူရဲ့ လုပ်ရပ်တွေကို ရှက်လွန်းလို့ မျက်နှာတောင်မဖော်ပြဝံ့တော့ဘူးလို့ ပြည်သူလူထုကိုတောင်းပန်ခဲ့ပါတယ်။

Roy ဟာ တောင်ကိုးရီးယားနာမည်ကြီးဆန်အရက် Jangsoo makgeolli ရဲ့ ရှယ်ယာအများဆုံးပိုင်ဆိုင်သူတစ်ဦးဖြစ်ပြီး ဆက်ခံသူတစ်ဦးဖြစ်ဖို့အလားအလာရှိသူတစ်ဦးဖြစ်ပါတယ်။ Jangsoo ဆန်အရက်ဟာ တောင်ကိုးရီးယားမှာ ရောင်းအားအကောင်းဆုံး ဆန်အရက်ဖြစ်ပြီး ဖခင်ဖြစ်သူဟာ ၂၀၁၄ ခုနှစ်မှာ သူဋ္ဌေးနေရာက နှုတ်ထွက်ပြီး Roy Kim ကို ရှယ်ယာတွေအကုန်လွှဲပြောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ Roy Kim ရဲ့ ဖခင်အနေနဲ့ အချိန်မတန်သေးပဲ အမွေပေးခဲ့တာဟာ သားဖြစ်သူကိုပျက်စီးစေမယ်လို့ မထင်ခဲ့ဘူး၊ အားလုံးကသူ့အမှားတွေပါဆိုပြီး ပြည်သူလူထုကိုတောင်းပန်ခဲ့ပါတယ်။

လက်ရှိမှာတော့ Roy ဟာ ဆိုးလ်ကိုပြန်ရောက်ရင် Jung Joon Young အမှုမှာ ပူးပေါင်းပါဝင်သူအဖြစ်စစ်ဆေးခံရမှာဖြစ်ပါတယ်။

(ပိုပိုလေး)


09 Apr 2019     1,254 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS