BEC-TERO TV

သူ့ကိုနောက်ပြောင်ကျီစယ်ထားတဲ့ ဗီဒီယိုတွေကို ထပ်မတင်ကြဖို့ Live လွှင့်ပြီးငိုယိုတောင်းပန်လိုက်တဲ့ ကျော်ကျော်နန္ဒ

09 Apr 2019     1,260 Views


လတ်တလောအွန်လိုင်းပေါ်မှာ ဆက်ပက်သင်္ကြန်သီချင်းနဲ့ လူသိများကာဆယ်လီဖြစ်လာတဲ့ ကျော်ကျော်နန္ဒကတော့ တစ်မူထူးခြားလွန်းတဲ့ဖက်ရှင်တွေနဲ့ အများရဲ့အာရုံစူးစိုက်မှုကိုရရှိထားသူပါ။ လူတကာလိုက်မမှီနိုင်အောင် ထူးခြားဆန်းပြားတဲ့ဖက်ရှင်တွေကို ၀တ်စားမှုကြောင့် ပြင်းထန်တဲ့ဝေဖန်ကဲ့ရဲ့မှုတွေကိုခံနေရပေမယ့် ကျော်ကျော်နန္ဒကတော့ သူဖောက်ထားတဲ့သူ့လမ်းကြောင်းကို ရှေ့ဆက်သွားနေသူဖြစ်ပါတယ်။

ယခုတလော ပွဲတော်တော်များများကို တက်ရောက်ဖျော်ဖြေနေရတဲ့ ကျော်ကျော်နန္ဒဟာဆိုရင် လွန်ခဲ့တဲ့ရက်ပိုင်းက သင်္ကြန်မှာပွဲဌားဖို့ ပွဲဌားယောင်ဆောင်ကာ ပရိသတ်တစ်ဦးရဲ့အသရေဖျက်မှုကို ခံခဲ့ရပါတယ်။ ပွဲဌားယောင်ဆောင်သူက သင်္ကြန်မှာသိန်း (၃၀၀) ပေးမယ်ဆိုပြီး ကျော်ကျော်နန္ဒအားပွဲဌားရမ်းဖို့ဖုန်းဆက်နေပုံကို ဗီဒီယိုရိုက်ကူးထားပြီး အွန်လိုင်းပေါ်တွင်တင်ခဲ့ရာမှ ထပ်ဆင့်ရှယ်ယူပြီး တင်ခဲ့သူတွေကြောင့် ထိုဗီဒီယိုဖိုင်က အွန်လိုင်းပေါ်မှာ တော်တော်လေးပြန့်နှံ့လာတာပဲဖြစ်ပါတယ်။

ထိုသို့ သူ့ကိုပွဲဌားယောင်ဆောင်ပြီး လှောင်ပြောင်ကျီစယ်ထားတဲ့ဗီဒီယိုကို အွန်လိုင်းပေါ်မှာထပ်မတင်ကြဖို့နဲ့ သူ့ကိုထိုကဲ့သို့ ဖုန်းဆက်ကာထပ်ပြီး မစနောက်ကြဖို့ကို Live လွှင့်ကာ ငိုယိုပြီးတောင်းပန်ခဲ့တာဖြစ်ပါတယ်။ ပွဲဌားယောင်ဆောင်သူကိုလည်း အသရေဖျက်မှု ၆၆(ဃ) နဲ့တရားစွဲဆိုဖို့်ပြင်ဆင်ထားသော်လည်း ပရိသတ်ကိုချစ်တာကြောင့် တရားစွဲဖို့အစီအစဉ်ကိုလည်း ဖျက်လိုက်ပြီလို့ Live လွှင့်ရင်းပြောကြားသွားပါတယ်။

ကျော်ကျော်နန္ဒအား ပွဲဌားသူအယောင်ဆောင်ပြီး နောက်ပြောင်ကျီစယ်ထားတဲ့ ဗီဒီယို

Live လွှင့်ပြီး ငိုယိုတောင်းပန်လိုက်တဲ့ ကျော်ကျော်နန္ဒ

ယခုလိုမျိုး စနောက်ကျီစယ်ကာ အရှက်ခွဲခံလိုက်ရတာကြောင့် ကျော်ကျော်နန္ဒတစ်ယောက် လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်နေတာပဲဖြစ်ပါတယ်။ လူမှန်ရင် သူတစ်ပါးကို အရှက်တကွဲအကျိုးနည်းဖြစ်အောင် စနောက်ကျီစယ်တာမျိုးတော့ မလုပ်သင့်ဘူးထင်ပါတယ်... ဟုတ်တယ်မလား ပရိသတ်ကြီးရေ...

(ပိုပိုလေး)


09 Apr 2019     1,260 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment