BEC-TERO TV

ကြည့်မ၀အောင်ဖြစ်သွားမယ့် ကမ်းခြေထက်က သင်ဇာဝင့်ကျော်ရဲ့ အမိုက်စားဗီဒီယို

09 Apr 2019     2,107 Views


လူချစ်လူခင်ပေါပြီး ပရိသတ်ရဲ့အချစ်တွေကို အပြည့်အ၀ရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပြီးပြည့်စုံတဲ့အလှပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ကလေးလဲချောသလို တင်းရင်းလှပပြီး ဆွဲဆောင်မှုရှိတဲ့အဖုအထစ်ကောက်ကြောင်းတွေနဲ့ ဖမ်းစားထားနိုင်သူဖြစ်ပြီး ပုရိဿတိုင်းကသင်ဇာ့ရဲ့ အလှတရားတွေအောက်မှာ မျောနေကြတာလည်းဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေတဲ့ သင်ဇာကတော့ ပွဲတွေတိုင်းမှာလည်း မပါမဖြစ်ဖိတ်ကြားခြင်းခံရသူလေးပါ။ တစ်မျိုးပြီးတစ်မျိုး မရိုးရတဲ့ Sexy ကျကျဖက်ရှင်တွေကို ၀တ်စားပြီးပွဲတွေတက်ရောက်လေ့ရှိတာကြောင့် ဖက်ရှင်နဲ့ပတ်သက်ပြီး အားလုံးရဲ့စိတ်ဝင်တစားစောင့်ကြည့်ခြင်းကို ခံထားရတာပဲဖြစ်ပါတယ်။

သင်ဇာကတော့ မကြာခဏဆိုသလို သူမရဲ့ဆွဲဆောင်မှုရှိတဲ့ကောက်ကြောင်းအလှတွေကို အသားပေးရိုက်ကူးထားတဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ကနေ မျှဝေလေ့ရှိပြီး သင်ဇာ့ရဲ့ပုံတွေကို စောင့်မျှော်အားပေးနေကြသူတွေကလည်း တော်တော်များများပါ။ ယနေ့မှာလည်း သင်ဇာတစ်ယောက် ကမ်းခြေထက်က သဲသောင်ယံပေါ်မှာ Sexy ဆန်ဆန်လမ်းလျှောက်နေတဲ့ သူမရဲ့အမိုက်စားဗီဒီယိုလေးကို တင်ထားတာတွေ့ရပါတယ်။

ကမ်းခြေထက်မှာ လှလှပပလေး လှည့်ပတ်လမ်းလျှောက်ပြနေတဲ့ သင်ဇာ့ရဲ့ဗီဒီယိုက ကြည့်မဝေအောင်ဖြစ်သွားစေမှာပါနော်… ဆွဲဆောင်မှုတွေပိုနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ဗီဒီယိုဖိုင်ကိုမျှဝေပေးလိုက်ပါတယ်။

(ပိုပိုလေး)


09 Apr 2019     2,107 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment