BEC-TERO TV

သြဂုတ် ၁၅ ရက်ထိ လက်မှတ်စောင် ရေ ၁၀ သန်းကျော်ရောင်းချ နိုင်ခဲ့ တဲ့ Assassination အက်ရှင်ကား

21 Aug 2015     1,905 Views


သြဂုတ် ၁၅ ရက်ထိ လက်မှတ်စောင် ရေ ၁၀ သန်းကျော်ရောင်းချ နိုင်ခဲ့ တဲ့ Assassination အက်ရှင်ကား

ယင်းရုပ်ရှင်ဇာတ်ကားတွင် ဂျွန်ဂျီဟွန်း၊ လီဂျောင်ဂျယ်နှင့် ဟာဂျောင်ဝူတို့သည် ဂျပန်ကိုလိုနီအရာရှိတစ်ဦးကို လုပ်ကြံရန် ကြံစည်သူ သုံးဦးအဖြစ် သရုပ် ဆောင်ထားပြီး ၁၉၃၀ ဝန်းကျင် ဂျပန် ကိုလိုနီကာလအတွင်း ကိုရီးယားနိုင်ငံအခြေအနေကို ဇာတ်အိမ်တည်ထားပါတယ်။

ရုပ်ရှင်လက်မှတ်စောင်ရေ ၁၀ သန်း ရောင်းချနိုင်မှုစံချိန်သည် သြဂုတ် ၁၅ ရက်တွင်ကျရောက်သော တောင်ကိုရီးယားနိုင်ငံ လွတ်လပ်ရေးနှင့် တိုက်ဆိုင်ခဲ့ပါသည်။ပရိသတ်ကို အထူးကျေးဇူးတင်ကြောင်း လက် မှတ်ရေးထိုးထားသည့် ဓာတ်ပုံ များဖော်ပြခဲ့သည်။ ထို့အပြင် လီဂျောင်ဂျယ်၊ ဟာဂျောင်ဝူးနှင့် အခြားသောသရုပ်ဆောင်များ သည် ဒါရိုက်တာချွဲဒုံဟွန်းနှင့်အတူ ကိတ်မုန့်တစ်လုံးအနီး ဝိုင်းထိုင်း ၍ လက် ၁၀ ချောင်းထောင်ကာအောင်ပွဲခံခဲ့ပါတယ်။

Assassionation ရုပ်ရှင် ဇာတ်ကားကို ဇူလိုင် ၂၂ ရက်တွင် တောင်ကိုရီးယားနိုင်ငံ၌ ရုံတင် ပြသခဲ့ပြီး အမေရိကန်နိုင်ငံတွင်သြဂုတ် ၇ ရက်က စတင်ရုံတင် ခဲ့ပါသည်။


21 Aug 2015     1,905 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment