BEC-TERO TV

ချန်ပီယံလိဂ် ကွားတားဖိုင်နယ် (ပ-ကျော့) မှာ အိမ်ကွင်းတွေ အသီးသီးအနိုင်ရခဲ့

10 Apr 2019     1,591 Views


ယနေ့မနက်ပိုင်းကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် ကွားတားဖိုင်နယ်အဆင့် (ပကျော့) မှာ စပါးအသင်းက မန်စီးတီး အသင်းကို ဆွန်ဟောင်မင်ရဲ့ တစ်လုံးတည်သောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်စီ်းတီးအသင်းဟာ ပွဲချိန် ၁၀ မိနစ်မှာ ရရှိခဲ့ တဲ့ ပင်နတီကို အကောင်းဆုံး အသုံးမချခဲ့နိုင်တာကြောင့် ဦးဆောင်ဂိုးရရှိမဲ့ အခွင့်ရေးကို လက်လွတ်ခဲ့ရပါတယ်။ ဒါကြောင့် မန်စီးတီးအသင်းဟာ ဒုတိယအကျော့မှာ ဖိအားဝင်ရောက်သွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းက အိမ်ကွင်းမှာ ပေါ်တိုအသင်းကို ၂-၀ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ လီဗာပူးလ်အသင်းအတွက် ဂိုးတွေကို ကီတာ နဲ့ ဖာမီနို တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါ နိင်ပွဲကြောင့် လီဗာပူးလ်အသင်းက နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အခြအနေကောင်းကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။

သူတို့အသင်းတွေရဲ ဒု-ကျော့ ကိုလာမည့် April လ ၁၈ ရက်နေ့  ကြာသပတေးနေ့မှာ ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

 


10 Apr 2019     1,591 Views




RELATED

Most Popular of Football

Most Popular of Sport