BEC-TERO TV

လိင်ပိုင်းဆိုင်ရာစော်ကားမှုမှာ ပါဝင်နေတဲ့အဆိုတော်(၃) ဦးကို ရုပ်သံမှာ ထုတ်ဖော်ပြသခွင့်ပိတ်ပင်

10 Apr 2019     1,308 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် ရော့ခ်အဆိုတော် Jung Joon Young ဟာ အမျိုးသမီးငယ်များကို မူးယစ်ဆေးသုံးပြီး မူးဝေစေကာ အလိုမတူပဲ လိင်ပိုင်းဆိုင်ရာ စော်ကားမှုမျိုး ပြုကျင့်ခဲ့တဲ့အတွက် လက်ရှိရဲထံမှာ စစ်ဆေးခံနေရတာပဲဖြစ်ပါတယ်။

Jung Joon Young ဟာ တက်သစ်စအဆိုတော်လေးများ၊ တက္ကသိုလ်ကျောင်းသူများကို အဓိက target ထားပြီးဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ တက်သစ်စအဆိုတော်များကို သူနဲ့အတူအိပ်ပါက အမြန်ဆုံးပွဲဦးထွက်နိုင်ဖို့ ကူညီပေးမယ်ဆိုပြီး မိန်းကလေးတွေရဲ့ ဘဝကိုဖျက်ဆီးခဲ့ပါတယ်။ Jung Joon Young ဟာ အလိုမတူ အဓမ္မပြုကျင့်တာတွေအပြင် မိန်းကလေးတွေကို ဗွီဒီယိုရိုက်ကူးထားပြီး သူ၏အဆိုတော်သူငယ်ချင်းများနဲ့ group chat မှာ အတူရှယ်ခဲ့ပါတယ်။ group chat ထဲ ပါဝင်နေသူတွေကတော့ big bang အဖွဲ့မှ Seungri နဲ့ FT island အဖွဲ့မှာ Jong hoon တို့ပဲဖြစ်ပါတယ်။ လက်ရှိမှာ သူတို့နှစ်ယောက်ကို ဒီအမှုရဲ့ အပေါင်းအပါ တွေအဖြစ်၊ မကောင်းမှုလုပ်တာကို တားမြစ်ခြင်းမရှိပဲ အတူပူးပေါင်း သူတွေအဖြစ် စစ်ဆေးခြင်းခံနေရတာဖြစ်ပါတယ်။

တောင်ကိုးရီးယားမှာ အဆိုတော်တွေဟာနိုင်ငံတစ်နိုင်ငံရဲ့ ပြယုဂ်ဖြစ်ပြီး ချစ်ဖို့ကောင်း၊ ပြင်ပမှာ သဘောကောင်းတဲ့အမူအရာတွေနဲ့ နေထိုင်ပြနေပေမယ့် သူတို့ရဲ့ ပုံစံအမှန်က ကြောက်ဖို့ကောင်းနေတယ် ဆိုတာကို ပရိတ်သတ်သိလိုက်ရတဲ့အခါ ဒီသုံးဦးရဲ့ သတင်းဟာလဲ နေရာတကာ ဟိုးလေးတကျော်ကျော်ဖြစ်လို့လာပါတယ်။ တောင်ကိုးရီးယား နာမည်ကြီး ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ KBS ဟာ ဒီအမှုနဲ့ စပ်လျဉ်းပြီး အဆိုပါ အဆိုတော်သုံးဦးကို ရုပ်သံလိုင်းမှာပြသခွင့်ပိတ်ပင်လိုက်ပြီပဲဖြစ်ပါတယ်။

ဒီအမှုမပေါ်ပေါက်လာပြီ Jung Joon Young ဟာ KBS ရုပ်သံအစီအစဉ် 2Days and 1 Night မှာ အဓိက host တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အမှုပေါ်ပေါက်ပြီးနောက် Jung Joon Young ကိုအစီအစဉ်မှ အချိန်မီထုတ်ပယ်လိုက်ပေမဲ့ KBS ရဲ့ ရှယ်ယာဈေးတွေက ရုတ်ချည်းဆိုသလို ကျသွားခဲ့ပါတယ်။ လက်ရှိမှာတော့ Jung Joon Young ရော အပေါင်းအပါ နှစ်ယောက်ဖြစ်တဲ့ Seungri  နဲ့ Choi Jong Hoon ကိုပါ KBS ရုပ်သံမှာ ပါဝင်ပြသခွင့်ကိုပိတ်ပင်လိုက်ပြီပဲဖြစ်ပါတယ်။

(ပိုပိုလေး)


10 Apr 2019     1,308 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS