BEC-TERO TV

စိုင်းစိုင်းယနေ့အချိန်ထိအောင်မြင်နေရတဲ့အကြောင်းအရင်းကိုပြောပြလိုက်တဲ့ စမိုင်းလ်

10 Apr 2019     1,411 Views


မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နှစ်ခု ဆက်တိုက်အောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ အဆိုတော်ကို ပြပါဆိုရင်တော့ စိုင်းစိုင်းကိုပြရမှာပါပဲ။ ၂၀၀၀ ခုနှစ်တွေကတည်းကခေတ်စားလာခဲ့တဲ့ စိုင်းစိုင်းရဲ့ သီချင်းတွေဟာ ယနေ့တိုင် ပရိတ်သတ်တွေက ကြိုက်နှစ်သက်နေကြတုန်းပါပဲ။ စိုင်းစိုင်းသီချင်းတွေကို ၂၀၀၀ ခုနှစ်တွေမှာကြီးပြင်းလာတဲ့ လူတွေမှမဟုတ်ပါဘူး။ ယနေ့ခေတ်လူငယ်တွေပါ ကြိုက်နှစ်သက်လာကြတာကိုတွေ့ရပါတယ်။

စိုင်းစိုင်းဟာ မွေးနေ့ဖြစ်တဲ့ ဧပြီလ(၁၀) ရက်နေ့မှာ နှစ်စဉ် ဖျော်ဖြေပွဲကျင်းပလေ့ရှိပါတယ်။ Sai Sai Birthday Show ကျင်းပလာခဲ့တာ ၁၉ နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းလူငယ်ပရိတ်သတ်များနဲ့စည်ကားလျက်ပါ။ ဒီနှစ်မှာလဲ ရှိုးပွဲလက်မှတ် ၉၅ ရာခိုင်နှုန်းရောင်းထွက်ခဲ့တယ်လို့ စိုင်းစိုင်းကလူမှုကွန်ယက်ကနေ ပရိတ်သတ်ကိုအသိပေးခဲ့ပါတယ်။

ဒီလို ဆယ်စုနှစ် နှစ်ခုစလုံးမှာ အောင်မြင်မှုတွေတစ်စက်မှမလျော့သွားပဲ အရင်ကထက်ပိုမိုအောင်မြင်လာတဲ့ စိုင်းစိုင်းရဲ့ လျှို့ဝှက်ချက်က ဘာတွေဖြစ်မလဲ? တစ်ချိန်က စိုင်းစိုင်းနဲ့ သူငယ်ချင်းဖြစ်ဖူးတဲ့ စိုင်းစိုင်းနဲ့ အလုပ်တွေအတူတွဲလုပ်ဖူးခဲ့တဲ့ စမိုင်းလ်က စိုင်းစိုင်းရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြောကြားလာပါတယ်။

 စမိုင်းလ်ဟာ စိုင်းစိုင်း အောင်မြင်နေတာနဲ့ ပတ်သတ်ပြီး “သူဘာလို့အောင်မြင်နေရသလဲ သူ့ပရိတ်သတ်ကိုတန်ဖိုးထားတယ် ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ်ဝေဖန်တာကိုလက်ခံလိုက်တယ် အဓိကက ဆက်ဆံရေး ကောင်းတယ် ခေတ်ကို အမြဲမပြတ်လေ့လာတယ် သူ့ market ကိုသူသိတယ် business mind ရှိတယ် အောင်မြင်မှုပေါ်မှာ ယစ်မူးပြီးမနေဘူး မနားမနေကြိုးစားတယ် အသက်ကြီးပေမဲ့မပျက်စီးသေးဘူး ” ဆိုပြီး ရေးသားထားပါတယ်။

၂၀၁၉ ဧပြီလ ၁၀ရက်နေ့မှာကျရောက်တဲ့ စိုင်းစိုင်းရဲ့ အသက် (၄၀) ပြည့် ဖျော်ဖြေပွဲကြီးကို the one entertainment park မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Channel K မှတိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့သိရပါတယ်။ ရှိုးပွဲသွားမယ့် ပရိတ်သတ်တွေရော တီဗွီဖန်သားပြင်က ကြည့်မယ့်ပရိတ်သတ်တွေရော စိုင်းစိုင်းရဲ့ ဖျော်ဖြေမှုတွေကို အတူလိုက်ပါစီးမျောနိုင်ကြပါစေ……………….

(ပိုပိုလေး)


10 Apr 2019     1,411 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS